<div style='background-color: none transparent;'></div>

Home » » မိုးရာသီတွင် ယာဉ်မောင်းများ ပိုမို သတိပြုရန် လို

မိုးရာသီတွင် ယာဉ်မောင်းများ ပိုမို သတိပြုရန် လို

ရေတာရှည်  သြဂုတ်  ၁၅
ရန်ကုန်- မန္တလေး လမ်းဟောင်း လမ်းမကြီးတွင် ယာဉ် မတော်တဆမှုများကို မကြာခဏ မြင်တွေ့နေရသည်။
မိုးရာသီတွင် နေ့စဉ် အစုန်အဆန် သွားလာလျက်ရှိသော ယာဉ်မောင်းများ အနေဖြင့် ကတ္တရာလမ်းပေါ်တွင် သတိပြုကြရန် လိုအပ်သည်ဟု ယာဉ် မတော်တဆ ဖြစ်ခဲ့ရသူ ယာဉ်မောင်း တစ်ဦးက ပြောပြသည်။ ''အိပ်ငိုက်လို့လည်း မဟုတ်ဘူး၊ အရှိန် များလို့လည်း မဟုတ်ဘူး။ မိုးက ရွာထားတော့ လမ်းကကို ချော်နေတာ၊ ဘယ်လို ဖြစ်သွားမှန်းကို မသိတော့ဘူး။ နောက် တွဲက ရမ်းပြီး ခေါင်းက ထိန်းမရတော့ဘဲ မြောင်းထဲ ကျသွားတာပဲ'' ဟု ယာဉ်မောင်းက ပြောကြားသည်။ ရေတာရှည် မြို့နယ်တွင် ညောင်ပင်သာ ကျေးရွာနှင့် သပြေတန်း ကျေးရွာကြား၊ ပြီစုပ်ကျေးရွာနှင့် မှန်စီကျေးရွာ ကြားတို့တွင် ယာဉ် မတော်တဆ မှုများ မကြာခဏ ဖြစ်ပွားတတ်ပြီး မိုး ရွာသွန်းမှု များလာသော ယခုလ အတွင်း ပို၍ ဂရုပြုကြရန် လိုအပ် သည်။''ကျွန်တော်က အခုမှ ရန်ကုန်က ကားဝယ်ပြီး ပြန်လာတာ၊ မိုးက ရွာထားတော့ စလစ် ဖြစ်သွားတယ်။ နောက်ပိုင်းက ရမ်းပြီး လမ်းအရှေ့ဘက် ထဲကို ထိုးကျ သွားခဲ့တာ'' ဟု ယာဉ် မတော်တဆ ဖြစ်ခဲ့သူ ယာဉ်မောင်း တစ်ဦးက ပြောပြသည်။



မြ၀တီ.................မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map