Home »
သတင်း
» ရန်ကုန်မြို့လယ် နာမည်ကြီးလောင်းကစားဒိုင် ကြီးကိုဖမ်းဆီး
ရန်ကုန်မြို့လယ် နာမည်ကြီးလောင်းကစားဒိုင် ကြီးကိုဖမ်းဆီး

Friday, Augest 02, 2013
ရန်ကုန်တိုင်းဒေသကြီးပန်းဘဲတန်းမြို့နယ် ၂၉လမ်း(အလယ်ဘလောက်) ရှိ တိုက်အမှတ် ၁၀၀/၁၀၃သုံးလွှာတွင်ရှိ
နာမည်ကြီး လောင်းကစားဒိုင်ကို သြဂုတ်လ ၁ရက်နေ့ နံနက်၁၀ နာရီ ၃၀
မိနစ်ခန့်ကဝင်ရောက် ဖမ်းဆီးခဲ့ရာ လောင်းကစားပြုလုပ်သူ ၂၆ ဦးကို
ဖမ်းမိခဲ့ကြောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းကThe Voice သို့ ပြောကြားသည်။
“သုံးလွှာကနေထွက်ပြေးတဲ့သူတောင်ရှိတယ်။ ဖမ်းထားတဲ့သူတွေကိုခု(မွန်းလွဲ ၂နာရီခွဲ) အထိကားနဲ့သယ်တာ လေးခေါက်လောက်ရှိပြီ” ဟုမျက်မြင်တွေ့ရှိသူ၂၉လမ်းတွင်နေထိုင်သူ အသက်၃၂ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
အဆိုပါ လောင်းကစားဒိုင်မှာ ဘောလုံးပွဲ၊ နှစ်လုံးထီ၊ချဲထီနှင့်လေးကောင် ဂျင် ကစားဝိုင်းကိုတရားဝင် ခွင့်ပြုချက်ဖြင လုပ်ကိုင်နေသည်ဟုထင်ရလောက်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါဖမ်းဆီးသည့်ကိစ္စနှင့်ပတ်သက်၍
ဖမ်းမိသူများကို စစ်ဆေးလျက်ရှိသောကြောင့် အတည်ပြု ပြောကြား၍ မရသေးကြောင်း
ပန်းဘဲတန်းမြို့နယ် ရဲစခန်းတာဝန်ကျ အရာရှိတစ်ဦးက ပြောကြားသည်။
“တစ်ရက်က ရပ်ကွက်ထဲကအမျိုးသမီးတစ်ဦးက ဒီဒိုင်မှာထိုးတာ သူ့ဂဏန်းထွက်လာတော့ ဂဏန်းက ထိုးလို့မရဘူးလို့ချဲရောင်းသမားကေ ပြာတော့အကြောင်းသိစေရမယ်လို့ ပြောဆိုသွားတယ်လို့သိရတယ်။ တိုင်တဲ့သူများရှိလို့ဝင်ဖမ်းတာလား အတိအကျတော့မသိဘူး” ဟု ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်စု၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါအခန်းကိုဦးကျော်ကိုကိုဆိုသူက နှစ်ချုပ်ဖြင့်ငှားရမ်းအသုံးပြုလျက်ရှိပြီး
ဖမ်းဆီးရာတွင် လောင်းကစားအသုံးပြုသည့် စာရွက်စာတမ်း၊ပရိဘောဂနှင့် ငွေကျပ်
သိန်း ၃၀ ကျော်တို့ကိုဖမ်းမိခဲ့ကာ ဖမ်းဆီးမိသူများကို ပန်းဘဲတန်းမြို့နယ်
ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးခင်မောင်သန်းက ပြောကြားသည်။
The Voice Weekly
အေးချမ်းမွန်..................မှ
0 comments:
Post a Comment