အမေရိကန် သင်္ချာပြိုင်ပွဲ၌ ဆုရရှိ သူ မြန်မာလူငယ်များ သင်္ချာထူးချွန် လူငယ်များ ယဉ်ကျေးမှုဖလှယ်ပွဲသို့ တက်ရောက်ရန် ရန်ကုန်မှ တရုတ် (တိုင်ပေ)သို့ ဇူလိုင် ၂၆ တွင် ထွက်ခွာ သွားပြီဖြစ်သည်။
ကမ္ဘာ့အဆင့် သင်္ချာပြိုင်ပွဲတစ်ခု ဖြစ်သည့် (SASMO)ပြိုင်ပွဲကို မြန်မာ က ၂ဝ၁၃ တွင်မှ စတင်ယှဉ်ပြိုင်ခွင့် ရခဲ့ သည်။ ထိုပြိုင်ပွဲကို ၁၉၇၉ ခုနှစ်တွင် အမေရိကန်နိုင်ငံက စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
၂ဝ၁၃ ဧပြီလတွင် ကျင်းပခဲ့သည့် စာမေးပွဲ၌ ရွှေတံဆိပ်ဆုရခဲ့ သူ ကျောင်း သား၊ ကျောင်းသူများ ပေါ်ထွက်ခဲ့ သည်။ ရွှေတံဆိပ်ရရှိ သူများထဲမှ မောင် ဇာနည်မင်းနိုင် စတုတ္ထတန်း (အထက ၄ ပုဇွန်တောင်)၊ မောင်ဇော်လျှံထက် Primary 4 (ILBC)၊ မောင်ရွှေတိုး အောင် Primary 5 (IISY) နှင့် Yone Chan Primary 5 (ISM) တို့ကို တရုတ်(တိုင်ပေ)၌ ကျင်းပမည့်ပွဲ တက် ရောက်ရန် ရွေးချယ်ခဲ့သည်ဟု ပြိုင်ပွဲ စီစဉ်သူ T & H After School အုပ် ချုပ်သူ ဒေါက်တာသက်ဇော်ထံမှ သိရ သည်။
ယခုကျောင်းသားလေးဦးမှာ တရုတ် (တိုင်ပေ)အမျိုးသားတက္ကသိုလ် တွင် ကျင်း ပမည့် သင်္ချာထူးချွန်လူငယ်များ၏ ယဉ် ကျေးမှုဖလှယ်ပွဲနှင့်အတူ ထိုတက္ကသိုလ် တွင် ကျင်းပမညAsia International Mathematical Olympiad Contest 2013 ကိုပါ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ခရီးစဉ်မှာ တစ်ပတ်ကြာမည်ဖြစ်သည်။
''လူငယ်ကလေးလေးတွေ ပြည် ပကို ပညာနဲ့ ခြေဆန့်နိုင်ကြပြီ''ဟု အငြိမ်းစား ပညာရှင်တစ်ဦးက မှတ် ချက်ပြုသည်။
မြန်မာတွင် ပထမဦးဆုံး လက်ခံ ကျင်းပခွင့်ရသော အမေရိကန် သင်္ချာပြိုင် ပွဲကို ပြည်၊ မုံရွာ၊ နေပြည်တော်၊ မကွေး၊ ဧရာဝတီ၊ မန္တလေးနှင့် ရန်ကုန်မှ နှစ် တန်းမှ ကိုးတန်းအထိ ကျောင်းသား၊ ကျောင်းသူတို့ ဝင်ရောက်ဖြေဆိုခဲ့သည်။
PN-051
အေးချမ်းမွန်.................မှ
0 comments:
Post a Comment