<div style='background-color: none transparent;'></div>

Home » » " ပေါ့ပေါ့ပါးပါး အခြောက်ခံစက် " =================

" ပေါ့ပေါ့ပါးပါး အခြောက်ခံစက် " =================



မိုးတွင်းမှာ အဝတ်တွေကို လျှော်ပြီးရင်ဖြစ်တတ် လေ့ရှိတဲ့ ပြဿနာကတော့ အဝတ်တွေလျှော်ပြီးမခြောက်တာရယ်၊ ခြောက်သွားတဲ့အထည်တွေကျတော့ စိုထိုင်းထိုင်းနဲ့ မှိုစော်နံနေတာ ကြုံရတတ်တယ်။ အဲဒီလို အခါမျိုးအဲဒီအင်္ကျီကိုဝတ်ပြီးတော့ အပြင်သွားရရင်တော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပျက်ပြားစေတာပေါ့။

ဒါကြောင့် ဒီမိုးတွင်းမှာ Living Fashion ပရိသတ် ကြီးအတွက် ဒီလိုအဖြစ်တွေဖြစ်တာကို ရှောင်ရှားနိုင် ဖို့ အဝတ်ခြောက်စက်တွေကို ရှာဖွေတင်ဆက်ပေး လိုက်ပါတယ်။

ဒီနေ့အသစ်ဝင်လာတဲ့ အဝတ်လျှော်စက်တွေမှာ အဝတ်ခြောက်ခံစနစ်ပါလာတတ်ပေမယ့် အရင်တုန်း က စက်တွေမှာတော့ မပါခဲ့ပါဘူး။ အဲဒီလို စက်မျိုးတွေ ရှိတဲ့သူတွေအတွက် မိုးတွင်းမှာ အဝတ်လှမ်းဖို့၊ အခက် အခဲရှိတတ်လို့ ဒီလို အဝတ်ခြောက်စက်တွေ ကလည်း လိုအပ်မယ်ထင်ပါတယ်။ အဝတ်ခြောက်စက်တွေကို တရုတ်နိုင်ငံကနေပြီး Three Friends Trading က တင်သွင်းတာဖြစ်ပါတယ်။ အဝတ်ခြောက်စက်တွေရဲ့ ပုံစံတွေကတော့ အဝိုင်းနဲ့လေးထောင့်ဆိုပြီး ပုံစံနှစ်မျိုး ရှိပါတယ်။ လေးထောင့်ပုံစံက ဗီရိုပုံစံဖြစ်တဲ့အတွက် ဗီရိုအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

အဝိုင်းပုံစံမှာ လေးသောင်းဝန်းကျင်ကနေ ငါးသောင်းဝန်းကျင် အထိရှိပြီး လေးထောင့်ဒီဇိုင်းမှာ တော့ ခြောက်သောင်းဝန်းကျင်ကနေ ရှစ်သောင်းအထိ ရှိတဲ့အတွက် အစားစား ဝယ်ယူနိုင်ပါတယ်။ ဒီလို မိုးတွင်းမှာ ရေချိုးပြီးတဲ့အခါမှာ ခြောက်သွေ့တဲ့ မျက်နှာ သုတ်ပဝါနဲ့ ခြောက်သွေ့တဲ့ အဝတ်တွေကို ဝတ်ဆင် တာဟာ အအေးမိပြီး ဖျားနာမှုမရှိစေတဲ့ အခွင့်အလမ်း ဖြစ်ပါတယ်။ အဝတ်ခြောက်စက်ရဲ့ အဝတ်တွေကို အမြန်ဆုံး ခြောက်သွေ့စေတဲ့ အချိန်ကတော့ ၁ နာရီ သာသာပဲ ရှိပါတယ်။

အပူချိန်ကို ၇ဝ ဒီဂရီ စင်တီဂရိတ်အထိ မြှင့်တင် နိုင်တဲ့အတွက် ဗက်တီးရီးယားပိုးမွှားတွေကို ၉၉.၃ ရာခိုင်နှုန်းအထိ သေစေနိုင်တဲ့အပြင် ဝါယာရှော့နဲ့ အပူလွန်ကဲမှုမရှိအောင် သတ်မှတ်အပူချိန်မှာ လျှပ်စစ် ကို အလိုအလျောက် ဖြတ်တောက်စေနိုင်တဲ့ ပစ္စည်းကို ပါ ထည့်သွင်းပေးထားပါတယ်။

ဒီစက်ကို အသုံးပြုခြင်းဖြင့် အဝတ်ရေညှစ်လို့ တွန့်ကြေခြင်းကို လျှော့ချထားတဲ့အတွက် မီးပူတိုက် ချိန်ကို သက်သာစေပါတယ်။ မိုးရာသီမှာ ဖြစ်တတ်တဲ့ အဝတ်အထည်တွေကို စိုထိုင်းမှုဖြစ်ခြင်း၊ဖားဥတက် ခြင်း၊ လေထုညစ်ညမ်းခြင်း၊ အေးမြခြင်း၊ နေရောင်နည်း တဲ့အချိန်တွေမှာ ပိုပြီး သုံးနိုင်ပါတယ်။ မိသားစု ကျန်းမာရေး စောင့်ရှောက်သူတွေ၊ အလှပြင်ဆိုင်တွေအတွက် လည်း အသုံးဝင်နိုင်မှာပါ။

ဒီအဝတ်ခြောက်စက်တွေက ပေါ့ပေါ့ပါးပါးရှိပြီး အလူမီနီယမ်ကိုင်းတွေကို အသုံးပြုပေးထားတဲ့ အတွက် သံချေးမတက်နိုင်ပါဘူး။ အလွယ်တကူဖြုတ်သိမ်းလို့ ရတဲ့အတွက် သုံးပြီးရင် သိမ်းလို့လွယ်ကူပြီး နေရာလည်း သိပ်မယူပါဘူး။ ပါဝါကြိုးနဲ့ ချိတ်ဆက်ပြီးတာနဲ့ အသုံး ပြုနိုင်တဲ့အပြင် ၁၂ နာရီထိန်းကိရိယာနဲ့ အလိုအလျောက် စက်ပိတ်အောင်လုပ်လို့ရပါတယ်။

အဝတ်ခြောက်စက်ရဲ့ function တွေကတော့ ဆုံလည်ကို သတ်မှတ်ချိန်အထိလှည့်ပတ်ပြီး အဝတ်ကို ခြောက်စေပါတယ်။ နည်းပညာပိုထည့်ထားတဲ့ အဝတ်ခြောက်စက်က အသံဆူညံမှု သိပ်မရှိဘဲ ဒီဂျစ်တယ်အချိန်ထိန်းပစ္စည်း၊ အလိုအလျောက်ခြောက်သွေ့မှုအာရုံခံပစ္စည်း၊ အလိုအလျောက်ကြိမ်နှုန်းပြောင်းပစ္စည်း၊ အနီအောက်ရောင်ခြည် သုံးအဝေးထိန်းစနစ် တို့ကိုပါ ထည့်သွင်းပေးထားပါတယ်။

ဒီအခြောက်ခံစက်ကို အထက်ပုဇွန်တောင်လမ်းမကြီးမှာရှိတဲ့ ချမ်းသာပလာဇာမှာ ဝယ်ယူလို့ရတဲ့အပြင် စူပါမားကတ်တွေမှာလည်း ဝယ်လို့ရတယ်ဆိုတာ ပရိသတ်ကြီးကို သတင်းကောင်းလေး ပေးလိုက်တယ်နော်။

KK

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map