<div style='background-color: none transparent;'></div>

Home » » ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့၏ လျှို့ ဝှက်ချက်

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့၏ လျှို့ ဝှက်ချက်



အသက် ၂၅ နှစ်ရှိပြီ ဖြစ်ပေမယ့် ယနေ့ထက်ထိတိုင် ကမ္ဘာ့အမြန်ဆုံးလူသား အဖြစ် စံချိန်တင်ထားနိုင်သေးတဲ့ ဂျမေကာနိုင်ငံသား Usain Bolt (အူစိန်ဘော့) ကို အမေရိကန် National Science Foundation မှ သိပ္ပံနည်းကျ လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ မြန်ရတဲ့ အကြောင်းအရင်း အကြမ်းဖျင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အရပ်က ၆ပေ ၅ လက်မရှိပြီး သာမန်အပြေးသမားတွေထက် အရပ်ရှည်သလို၊ ခြေတံလည်း ပိုရှည်ပါတယ်။ ဒါကြောင့် ပျမ်းမျှ ခြေလှမ်း ၄၄ ခါ လှမ်းရမယ့်အစား ၄၁ လှမ်းပဲ လှမ်းရပါတယ်။ နောက်တစ်ချက်က ဦးနောက်မှ အာရုံကြောစနစ် ပို့လွတ်မှု ဖြစ်ပါတယ်။ အူစိန်ဘော့ရဲ့ ဦးနှောက် အာရုံကြောနဲ့ ဘော်ဒီ ကြွက်သားများ ဆက်စပ်ထားမှုဟာ သာမန်လူလို ပဲ ဖြစ်ပေမယ့် လုပ်ဆောင်ချက်ကျတော့ သာမန်လူတွေ ထက် မြန်ဆန် ပါတယ်။ ခန္ဓာကိုယ်ဆိုတာ ဦးနှောက်စေခိုင်းမှု အတိုင်း လုပ်ရတာ ဖြစ်ပါ တယ်။ တစ်တစ်ချက်မှာလည်း အူစိန်ဘော့က သာသွားပါတယ်။

ကျန်တာကတော့ အပြေးသမားတိုင်းပိုင်ဆိုင်ထားတဲ့ အဆုပ်လေစွဲငင်အား၊ အမောခံနိုင်မှု၊ သန်မာမှုတို့ လိုပဲ ဖြစ်ပါတယ်။ အဓိက အားသာချက်အနည်း ငယ် ကြောင့် အူစိန်ဘော့ဟာ ယနေ့တိုင် ကမ္ဘာ့ အမြန်ဆုံး လူသား အဖြစ် နံပါတ် ၁ ရှိနေရခြင်း ဖြစ်ပါတယ်။

၂၀၀၈ ဘေကျင်းအိုလံပစ်၊ ၂၀၀၉ ဘာလင် ကမ္ဘာ့ချန်ပီယံရှစ်ပ်၊ ၂၀၁၂ လန်ဒန် အိုလံပစ်တို့မှာလည်း ကိုယ်ချိုးတဲ့ စံချိန်များကို ကိုယ်တိုင် ပြန်ချိုးနိုင် ခဲ့ သူဖြစ်ပါတယ်။ မီတာ ၁၀၀ ကို ၉.၅၈ စက္ကန့်နဲ့ စံချိန် တင်ထားတယ်ဆိုတာ သာမန်လူတစ်ယောက်အတွက် လေးစားအံ့ဖွယ် ပဲ ဖြစ်ပါတယ်။
----
Ref:unusalfact
ရိုးရာလေး အားကစား

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map