Home »
သတင်း
» ပရီးမီးယားလိဂ်မှာ အင်္ကျီအရောင်းရဆုံး ဗန်ပါစီ
ပရီးမီးယားလိဂ်မှာ အင်္ကျီအရောင်းရဆုံး ဗန်ပါစီ

ပြီးခဲ့တဲ့ ရာသီက ဂျာစီအရောင်းရဆုံး ပရီးမီးယားလိဂ် ကစားသမား ဆယ်ဦးစာရင်းမှာ မန်ယူတိုက်စစ်မှူး ဗန်ပါစီဦးဆောင်နိုင်ခဲ့ပါတယ်။
ဒီကစားသမားဟာ မနှစ်တုန်းက ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆု ရခဲ့သူဖြစ်ပြီး နှစ်နှစ်ဆက်
ဂိုးသွင်းဘုရင် ဖြစ်ခဲ့သူပါ။ DailyMail သတင်းစာက ထုတ်ပြန်တဲ့
ဂျာစီအရောင်းရဆုံး ကစားသမား ဆယ်ဦးစာရင်းမှာ မန်ယူ အသင်းသား
တော်တော်များများ ပါဝင်လာခဲ့ပြီး ရွန်နီက ဒုတိယ၊ ကာဂါဝါက တတိယ
ရပ်တည်ခဲ့ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့
ရီးရဲလ် ရောက်မယ်လို့ သတင်းထွက်နေတဲ့ ဘေးလ်ကတော့ အင်္ကျီအရောင်းရဆုံး
ကစားသမား ဆယ်ဦးစာရင်း မ၀င်ခဲ့ပါဘူး။ ဒီစာရင်းမှာပါဝင်လာခဲ့တာကတော့
အောက်ပါအတိုင်းပါပဲ။
1. Robin van Persie (Manchester United)
2. Wayne Rooney (Manchester United)
3. Shinji Kagawa (Manchester United)
4. Sergio Aguero (Manchester City)
5. Fernando Torres (Chelsea)
6. Eden Hazard (Chelsea)
7. Luis Suarez (Liverpool)
8. Jack Wilshere (Arsenal)
9. Alex Oxlade-Chamberlain (Arsenal)
10. Santi Cazorla (Arsenal)
http://yoyarlay.com/sport/football/37005-2013-08-06-17-22-10
ဇော်ထွန်း(ရိုးရာလေး)
အေးချမ်းမွန်...............မှ
0 comments:
Post a Comment