Home »
သတင်း
» နိုင်ငံခြားသားများ မြို့ပတ်ရထား စီးနင်းမှု များလာ၍ မြို့ပတ်ရထားလမ်းတစ်လျှောက် သန့်ရှင်းလှပရေး လုပ်ငန်းများ ဆောင်ရွက်မည်
နိုင်ငံခြားသားများ မြို့ပတ်ရထား စီးနင်းမှု များလာ၍ မြို့ပတ်ရထားလမ်းတစ်လျှောက် သန့်ရှင်းလှပရေး လုပ်ငန်းများ ဆောင်ရွက်မည်

Created on Tuesday, 06 August 2013 18:32
နိုင်ငံခြားသားများ မြို့ပတ်ရထား စီးနင်းမှု များပြားလာသောကြောင့် ရန်ကုန်မြို့ပတ် ရထားလမ်းတစ်လျှောက် သန့်ရှင်းလှပရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
"အခုလက်ရှိ တစ်နေ့ကို မြို့ပတ်ရထား စီးနင်းတဲ့ နိုင်ငံခြားဦးရေ ၈၀ နဲ့ ၁၀၀
ကြား ရှိတယ်လို့ သိရတယ်။ အဲဒီအတွက် ရထားလမ်းတစ်လျှောက် ၀ဲယာတွေမှာ
သန့်ရှင်းသာယာ လှပရေး လုပ်ငန်းတွေ လုပ်သွားမှာ ဖြစ်ပါတယ်။ အခုရထားက
သန့်ရှင်းရေး ၀န်ထမ်းအင်အား ၁၀၀ ကျော်နဲ့ စတင်ရှင်းနေပြီလို့လည်း
တင်ပြလာတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက
ပြောပြခဲ့သည်။
မြို့ပတ်ရထား လမ်းတစ်လျှောက် သန့်ရှင်းလှပရေးအတွက်
သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ရာတွင် ရထားလမ်းဘေးဝဲယာရှိ အမှိုက်များအား
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်း၍ ရှင်းလင်းခြင်း၊
ရထားလမ်းဘေးတစ်လျှောက် ကျူးကျော်နေထိုင်သူများကို ရှင်းလင်းခြင်းများလည်း
ပါဝင်မည်ဖြစ်ကြောင်း၊ ကျူးကျော်များမှာလည်း ယခင်က ဖယ်ရှားခဲ့ဖူးသော်လည်း
နောက်ပိုင်းတွင် ပြန်လည်ကျူးကျော် နေထိုင်လာကြခြင်း ဖြစ်သည်ဟု
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ယင်းသို့
မြို့ပတ်ရထား လမ်းတစ်လျှောက် သန့်ရှင်းလှပရေး လုပ်ငန်းနှင့်
ကျူးကျော်ရှင်းလင်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်သွားမည်
ဖြစ်ကြောင်းလည်း သိရသည်။
"ကျူးကျော်တဲတွေ ရှိတာကလည်း
မြို့ပတ်ရထားလမ်းတစ်လျှောက် အမြင်မသင့်လျော်ဘူး။ ဒါကြောင့်ရှင်းမယ်။
ရှင်းမယ့်နေရာမှာလည်း နောက်ပိုင်းပြန်မကျူးကျော်လာအောင်
စဉ်ဆက်မပြတ်ရှင်းမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
သိရသည်။
ရန်ကုန်ဘူတာကြီးတွင် ရထားစီးနင်းမည့် နိုင်ငံခြားသား အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-နန်းစုနှင်းထွေး)
အေးချမ်းမွန်............မှ
1 comments:
ရထားလမ်းကူး ကားလမ်းဘေး ဝဲယာက 'ငါတို့ ကဈေးကောက်ပေးထားတယ် ဘယ်သူမှဂရု မစိုက်ဘူး'ဆိုတဲ့ကျူးကျော်ဈေးသည်တွေကိုလဲအသေအချာ ရှင်းလင်းပေးပါဗျို့  ...
Post a Comment