<div style='background-color: none transparent;'></div>

Home » » မကြားရဘူး

မကြားရဘူး




မိန်းမဖြစ်သူ မပုံသည် နားလေးနေကြောင်း ကိုထုံ သံသယရှိနေသည်။ သို့သော် မည်သို့ စမ်းသပ်ကာ သက်သေပြရမည်ကို ကိုထုံမသိ။ ထို့ကြောင့် ဆရာဝန်ထံသို့သွားကာ အကြံဥာဏ်တောင်းသည်။ ဆရာဝန်က ကိုထုံကို ဤသို့ အကြံပေးသည်။


‘ဒီလိုလုပ်လေ။ မပုံနဲ့ ပေ ၄၀ အကွာမှာ ရပ်နေလိုက်။ ပြီးရင် ပြောနေကြ စကားတစ်ခွန်းကို ပြောနေကြ လေသံနဲ့ လှမ်းပြောကြည့်လိုက်။ သူက ဘာမှ မတုံ့ပြန်ဘူးဆိုရင် ပေ ၃၀ အကွာကို တိုးသွားပြီး ထပ်ပြောကြည့်။ အဲဒါလည်း မတုံ့ပြန်သေးဘူးဆိုရင် ပေ ၂၀ အကွာကနေ ထပ်စမ်းကြည့်။ အဲဒီလိုနဲ့ မပုံ ပြန်ဖြေတဲ့အထိ တိုးတိုးသွားလိုက်..’


ညနေရောက်သောအခါ မီးဖိုခန်းထဲတွင် ချက်ပြုတ်နေသော မပုံနှင့် ပေ ၄၀ အကွာတွင် ကိုထုံ ရပ်နေလိုက်သည်။ ထို့နောက် ပြောနေကြ လေသံဖြင့် လှမ်းမေးလိုက်သည်။


‘ညစာ ဘာချက်လဲဟေ့..’


မပုံထံမှ တုန့်ပြန်သံ မကြားရ။

ကိုထုံက ပေ ၃၀ အကွာသို့တိုးသွားပြီး ထပ်မေးသည်။


‘အချစ်ရေ.. ညစာ ဘာချက်လဲဟေ့..’


မပုံထံမှ ဘာသံမှ မကြားရ။

ကိုထုံက ပေ ၂၀ အကွာသို့တိုးသွားပြီး မေးလိုက်ပြန်သည်။ မပုံက မတုန့်ပြန်။ ၁၀ ပေ အကွာတွင် ထပ်မေးကြည့်သည်။ ပြန်ဖြေသံ မကြားရ။ နောက်ဆုံး မပုံ၏ နောက်တွင်ကပ်ကာ ကိုထုံမေးလိုက်သည်။


‘ညစာဘာချက်လည်း အချစ်ရေ..’


ဒီတစ်ခါတော့ မပုံ၏ ပြန်ဖြေသံကို ကြားလိုက်ရသည်။


‘အော်.. ဘယ်လိုဖြစ်နေလည်း မသိဘူး.. ကြက်သားချက်ပါတယ်လို့ ပြောနေတာ ငါးခါလောက်ရှိနေပြီ။’


Yangon Health Guide....................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map