<div style='background-color: none transparent;'></div>

Home » » ခွေးတွေဟာ လူသားတွေအတွက် မိတ်ဆွေ အစစ်အမှန် ဆိုတာ သက်သေပြလိုက်တဲ့ သာဓက တစ်ခု

ခွေးတွေဟာ လူသားတွေအတွက် မိတ်ဆွေ အစစ်အမှန် ဆိုတာ သက်သေပြလိုက်တဲ့ သာဓက တစ်ခု


ခွေးဆိုတာမျိုးက ကမ္ဘာပေါ်မှာ သစ္စာ အရှိဆုံး လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ (အဲ… တောထဲက ခွေးအ တွေတော့ မပါဘူးပေါ့  ။ စောဒက မတက်ကြပါနဲ့ နော်)။ သူ တို့ ဟာ သခင့်ပေါ်မှာ တစ်ချို့ သော လူတွေထက်တောင် မှ ပိုပြီး အနစ်နာ ခံ ပြီး ချစ်တတ်ကြတယ်ဆိုတာကို ကြုံဖူးသူတိုင်း သိကြမှာပါ။

သူရဲ့ အမည်က Kabang ၊ ဖိလစ်ပိုင် မှာ နေထိုင်တဲ့ မိသားစု တစ်စုက မွေးမြူထားတာလည်းဖြစ်ပါတယ်။ သူ က အရှိန်ပြင်း စွာ မောင်းနှင်လာတဲ့ ဆိုင်ကယ် တစ်စီးရဲ့ အန္တရာယ်မှ ကလေး နှစ်ဦးကို ကယ်တင်ခဲ့တာပါ။

မောင်းလာတဲ့ ဆိုင်ကယ်ရှေ့ မှာ ကလေးတွေ အစား သူက ၀င်ခံလိုက် ပါတယ်။ အဲဒီလို လုပ်လိုက်တဲ့ အကျိုးကြောင့် ကလေး တွေကတော့ ဒဏ်ရာ အနည်းငယ်လောက်ပဲ ရကြပြီး၊ သူကတော့ အပေါ် နူတ်သီး ပျက်စီး သွားတဲ့ အထိ ဒဏ်ရာ အပြင်း အထန် ရခဲ့ပါတယ်။

ဒီ အကြောင်း ကို ကမ္ဘာပေါ်က ကြင်နာတတ်တဲ့ လူထုတွေ သိလိုက်ရတဲ့ အချိန်မှာ ခွေးလေး ရဲ့ ဆေးကုစရိတ်အတွက် အမေရီကန် ဒေါ်လာ ၂၀ ၀၀၀ လှူဒါန်းခဲ့ကြပါတယ်။

ဒါကြောင့် ခွေးတွေဟာ လူသားတွေအတွက် အကောင်းဆုံး မိတ်ဆွေဖြစ်ပြီး၊ စားသောက်ကုန် မဟုတ်ဘူးဆိုတာ ကို အသိပေးချင်ပါတယ်ဗျာ…

Kaung Zay Yan
(Discoveries Myanmar)
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map