<div style='background-color: none transparent;'></div>

Home » » ကလေးတစ်ဦးကို အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့သည်ဟုဆိုကာ အမျိုးသားတစ်ဦး တရားစွဲခံရ

ကလေးတစ်ဦးကို အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့သည်ဟုဆိုကာ အမျိုးသားတစ်ဦး တရားစွဲခံရ




အသက် ၁၄ နှစ်အရွယ် ခြောက်တန်းကျောင်းသူလေးတစ်ဦးကို အကြိမ်ကြိမ်အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲ ကာအသက် ၃၀ ကျော် အမျိုးသားတစ်ဦးကို ကလေးမိဘများက သြဂုတ် ၁၃ ရက်တွင် လှည်းကူးရဲစခန်း ၌တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကလေးငယ်သည် စာမကျက်ဘဲ မှိုင်တွေနေသည်ကို မိခင်ဖြစ်သူက မသင်္ကာသဖြင့် မေးမြန်းရာမှ ယခု ကိစ္စကိုသိရှိပြီး ရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု တရားလိုဘက်မှ ရဲစခန်းတွင် ထွက်ဆိုထားသည်။

မိဘများက သူတို့သမီးငယ်ကို မေးမြန်းရာတွင် ၎င်းကိုတစ်ရပ်ကွက်တည်းနေ အသက် ၃၃ နှစ်အရွယ် အမျိုးသား တစ်ဦးက သြဂုတ် ၃ ရက်ညတွင် တစ်ကြိမ်၊ သြဂုတ် ၄ ရက်တွင် တစ်ကြိမ်၊ သြဂုတ် ၆ ရက် တွင်တစ်ကြိမ် စုစုပေါင်း သုံးကြိမ်ခန့် သားမယားပြုခဲ့သည်ဟု ဆိုသည်။

ကလေးငယ်သည် မိဘများမရှိသည့် အချိန်နေအိမ်တွင်ပင် အဓမ္မကျင့်ခံရခြင်းဖြစ်ပြီး ယခုကိစ္စကို မိဘများထံ ပြန်ပြောလျှင် သတ်ပစ်မည်ဟု ထိုအမျိုးသားကခြိမ်းခြောက်ထားသဖြင့် မပြောခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်း တွင် တွေ့ရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အဓမ္မကျင့်သူအဖြစ် စွပ်စွဲခံထားရသူမှာ လှည်းကူးမြို့နယ်မှ ကိုနိုင်လင်းထွန်း ဆိုသူဖြစ်ပြီး ၎င်းသည်
ကားဆေးမှုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟု ရဲစခန်းက အတည်ပြုထားသည်။

ယင်းအမှုကို လှည်းကူးရဲစခန်းက အမှုအမှတ်(ပ)၃၀၁/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံထားရသူကိုလည်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် တရားစွဲမည်ဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးစစ်ဆေးနေပြီဖြစ်သည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

Mizzima – News in Burmese



BellBagan ....................မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map