<div style='background-color: none transparent;'></div>

Home » » ဘုန်းကြီးမှ ကိုရင်အား ၀ါယာကြိုးဖြင့် ရိုက်နှက်

ဘုန်းကြီးမှ ကိုရင်အား ၀ါယာကြိုးဖြင့် ရိုက်နှက်




မြိတ်မြို့ မြိတ်တောင် နယ်မြေ မြို့သစ် (၃) ရပ်ကွက် မြရည်နန္ဒာလမ်း အမှတ် (၄၈) နေ ဦးသန်းနိုင် + ဒေါ်မိုးစန္ဒာ တို့၏ သားဖြစ်သူ မောင်ချစ်ကိုကို ၊ အသက် (၁၁)နှစ်၊ (ဒုတိယတန်း(က)၊ ဘုရားကိုင် မူလတန်း) ကျောင်းသား ဖြစ်သူသည် ကိုရင်ဝတ်ဖြင့် မျက်နှာတွင် ဖူးယောင် ဒဏ်ရာများ ရရှိကာ မြိတ်မြို့ စန္ဒ၀တ် ကျေးရွာ ဘိုတောင်ထိပ်ရှိ ဥာဏလာဘ ကျောင်းမှ ဘုန်းတော်ကြီး ဦးဥာဏနှင့် အတူ မြိတ်မြို့ ကလွင် ရေပုန်းရပ် ဆေးရုံကြီး နောက်ဘက်ရှိ အောင်ချမ်းသာ ဘုန်းကြီးကျောင်း၌ သြဂုတ်လ (၁၂) ရက်နေ့ ညနေပိုင်း အချိန်တွင် စုံစမ်းတွေ့ရှိခဲ့ရာ ၄င်းဒဏ်ရာများမှာ ဘုန်းကြီး ဦးဥာဏမှ ၀ါယာကြိုးများဖြင့် ရိုက်နှက်၍ မျက်နှာနှင့် ဦးခေါင်းတွင် ဖူးယောင် ဒဏ်ရာများ၊ ခန္ဓာကိုယ် အနှံ့အပြား တွင် ပေါက်ပြဲဒဏ်ရာများနှင့် အမာရွတ်များ တွေ့ရှိရသဖြင့် အရေးယူ ပေးပါရန် မြိတ်မြို့မ ရဲစခန်းသို့ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့ နေ့လည် (၁) နာရီ အချိန်တွင် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆေးစာဖြင့် မြိတ်ဆေးရုံကြိးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

စုံစမ်း စစ်ဆေးချက်များ အရ ကလေးငယ် ဖြစ်သူသည် ဥာဏ်ရည်နိမ့်ပါးသူ တစ်ဦး ဖြစ်ပြီး မိဘများ ခရီးထွက်ခိုက် အဒေါ်ဖြင့်သူနှင့် နေကာ လမ်းပေါ် လျှောက်သွားနေစဉ် ဘုန်းကြီး ဦးဥာဏမှ တွေ့ရှိပြီး ကောလိပ် ကုက္ကိုလ် ကျောင်းတိုက်တွင် ကိုရင်ဝတ် သင်္ကန်းစည်းပေးကာ ၄င်းသီတင်းသုံးရာ ဘိုတောင် ကျောင်းသို့ ခေါ်ဆောင်သွားပြီး ကိုရင်အား ရိုက်နှက် ဆုံးမခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြို့မ ရဲတပ်ဖွဲ့ စခန်းမှ သာသနာရေး ဦးစီးဌာနှင့် ညှိနှိုင်း၍ အရေးယူ နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

Today Myanmar....မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map