သင့်ရဲ့ မိဘတွေဟာ သင်လူ့လောကကို မရောက်ခင်ကတည်းက ကြိုတင်စိတ်ကူးယဉ်ပြီး ချစ်မြတ်နိုးခဲ့ကြသူတွေပါ..။
သင်လူ့လောကကို ရောက်လာတော့လည်း အလိုရှိရာ မှန်သမျှ ဖြည့်ဆည်းချင်ခဲ့တာ မိဘတွေပါပဲ..။
သားသမီး မျက်နှာညှိုးမှာကို စိုးရိမ်စိတ်နဲ့ အရိပ်တကြည့်ကြည့် ချစ်တတ်ခဲ့ကြသူပါ..။
ပညာသင်ချိန်မှာ ပညာသင်စေခဲ့သလို ကိုယ့်သားသမီးကများ
ထွန်းထွန်းပေါက်ပေါက် ဖြစ်လာရင် ၀မ်းသာပီတိနဲ့ ကြည်နူးမျက်ရည်ဝေတဲ့အထိပါ...။
ပန်းဥယာဉ်မှူးတစ်ယောက်လို ကိုယ့်လက်ကို ပြန်စူးစေတဲ့ အပင်လေးတွေပါခဲ့ရင်တောင် အမျိုးမှန်အဖိုးတန်အောင် ပြုပြင်ပေးနေချင်ခဲ့တာပါ..။
အရွယ်ရောက်ချိန် ကိုယ့်ထက်ချစ်ရမယ့်သူရှာတွေ့သွားတဲ့ သားသမီးအတွက်
အပြစ်မဆိုရက်ပဲ မိဘတာဝန်ကျေအောင် ဆောင်ရွက်ပေးကြပါတယ်..။
သားသမီးဆိုတဲ့ ဆည်းလည်းလေးမရှိတော့တဲ့ အိမ်လေးထဲမှာ
ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းလို့ သင့်ကို ငယ်ငယ်တုန်းက ချော့မြူခဲ့တာလေးတွေကို ပြန်သတိရပြီး လွမ်းမျက်ရည်ဝေနေရတာ မိဘတွေပါပဲ..။
ညအိပ်ချိန်ရောက်ရင်တောင် သင့်ကိုငယ်ငယ်က ပုံပြင်လေးတွေနဲ့ ချော့သိပ်ခဲ့တာကို သတိရရင်း သားတို့သမီးတို့ ကျန်းမာစေကြောင်း ဆုတောင်းပြီးမှ အိပ်တတ်တာ မိဘတွေပါပဲ..။
တစိမ်းတစ်ယောက်ရှိနေတဲ့ ကိုယ့်သားသမီးအိမ်ကို မလာရဲရှာတော့
လွမ်းစိတ်နဲ့ပဲ ဖြေသိမ့်နေခဲ့ရရှာပါတယ်..။
တစ်ခါတလေ... သင်သတိရလို့ မိဘအိမ်များ ပြန်ပြီးအလည်ရောက်လာခဲ့ရင်..
သူတို့ခမျာ ပြာပြာသလဲနဲ့ သင်ငယ်ငယ်က ကြိုက်ခဲ့တဲ့ ဟင်းလျာလေးတွေကို
မမောမပန်းချက်ပြုတ်ကျွေးတတ်တာလဲ သင့်မိဘတွေပါပဲ..။
တကယ်တော့ မိဘဆိုတာ အနှိုင်းမဲ့ မေတ္တာရှင်တွေပါ..။
ဇရာအိုလာတဲ့ မိဘတွေကို မငြိုငြင်ပါနဲ့..။
သင်ငယ်ငယ်က ဘယ်လောက်ဆိုးဆိုး သင့်အပေါ်နားလည်ပေးခဲ့တာကို သတိတရ ရှိပေးပါ..။
ကမ္ဘာလောကကြီးဟာ မိဘကို ချစ်မြတ်နိုးသူတွေနဲ့ ပြည့်နေမှ ထာဝစဉ်လှပရှင်သန်နေမှာပါ...။
ဒီစာလေးကို ဖတ်ပြီး သင့်စိတ်ထဲမှာ တစ်စုံတရာ ခံစားရတယ်ဆိုရင် shareလုပ်နိုင်ပါတယ်..။
( ဒီစာကို ရေးတဲ့ ကျနော့်မှာ မေမေ မရှိတော့ပါဘူး..။အားလုံး မိဘကျေးဇူး ဆပ်နိုင်ကြပါစေ..။)
မိဘကျေးဇူး မြင့်မိုရ်ဦး
အင်းလေးမီဒီယာ............မှ
0 comments:
Post a Comment