<div style='background-color: none transparent;'></div>

Home » » ကမ္ဘာ့ဖလားအတွက် အားကစားကွင်းများ အချိန်မီ မပြီးစီးမှုကို ဝန်ကြီး စိုးရိမ်

ကမ္ဘာ့ဖလားအတွက် အားကစားကွင်းများ အချိန်မီ မပြီးစီးမှုကို ဝန်ကြီး စိုးရိမ်

ဝန်ကြီး အယ်လ်ဒို ရီဘီလိုက ၎င်းအနေဖြင့် နိုင်ငံအတွင်းမှ ဘောလုံးကွင်း (၅)ခု၏ ဆောက်လုပ်ရေး လုပ်ငန်းခွင် အခြေအနေကို အားမရဟုလည်း ဆိုသည်။ ယခုနှစ် ဒီဇင်ဘာလတွင် ကွင်းအားလုံး အသုံးပြုရန် အသင့်အနေအထား ဖြစ်နေစေလိုပါက လက်ရှိ ဆောက်လုပ်နေ သည့် နှုန်းထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ရီဘီလိုက ဆိုသည်
ဘရာဇီးလ်နိုင်ငံ၊ အားကစားရေးရာ ဝန်ကြီးဖြစ်သူက မိမိအနေဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဆောက်လုပ်နေသည့် အားကစားကွင်းများ လုပ်ငန်းခွင် နှောင့်နှေး ကြန့်ကြာနေခြင်းအပေါ် စိုးရိမ်မိကြောင်း ဝန်ခံခဲ့သည်။ ဝန်ကြီး အယ်လ်ဒို ရီဘီလိုက ၎င်းအနေဖြင့် နိုင်ငံအတွင်း မှ ဘောလုံးကွင်း (၅)ခု၏ ဆောက်လုပ်ရေး လုပ်ငန်းခွင် အခြေအနေကို အားမရဟုလည်း ဆိုသည်။ ယခုနှစ် ဒီဇင်ဘာလတွင် ကွင်းအားလုံး အသုံးပြုရန် အသင့်အနေအထား ဖြစ်နေစေလိုပါက လက်ရှိ ဆောက် လုပ်နေ သည့် နှုန်းထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း လည်း ရီဘီလိုက ဆိုသည်။ ဘရာဇီးလ်သည် (၂၀၁၄)ခုနှစ်၊ ကမ္ဘာ့ ဖလားနှင့် (၂၀၁၆)ခုနှစ်၊ ရီယိုဒီဂျနေရိုး အိုလံပစ် ပြိုင်ပွဲတို့အတွက် ပြင် ဆင်နေခြင်း ဖြစ်သည်။
လက်ရှိတွင် အားကစားကွင်းကြီး (၆)ခု တည်ဆောက်မှုတွင် (၁)ခုသာ သတ်မှတ်လျာထားချက်အတိုင်း ပြီးစီးသေးသည်။ ဆော်ပေါ်လိုရှိ အားကစားရုံမှာ (၈၄)ရာခိုင်နှုန်း အပြီးသတ်ခဲ့ပြီဖြစ်ပြီး ယခုနှစ်ကုန်တွင် အချိန်မီ ဖွင့်လှစ်နိုင်ဖွယ် ရှိသည်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် ဘရာဇီးလ်၏ ပြင်ဆင်မှုများအပေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ကလည်း အတန်ငယ် ဖိအားပေးနေပြီ ဖြစ်သည်။ မန်နာရက်စ်၊ ကူရီတီဘာ၊ကွီရာဘာ၊ ပေါ့တ်အလီဂရီနှင့် နေတယ်လ်တို့တွင် ဆောက်လုပ်နေသော ကွင်းကြီးများမှာမူ လုပ်ငန်းခွင် ပြီးပြတ်မှု (၇၁)ရာခိုင်နှုန်းမှ (၇၉)ရာခိုင်နှုန်းသာ အသီးသီး ရှိကြသည်။
ရီဘီလိုက ဒါဟာ သတိထားရမယ့် အခြေအနေပါ။ လက်ရှိ နှုန်းအတိုင်း လုပ်နေလို့ မရတော့ပါဘူး။ ကျွန်တော်တို့ အချိန်မီ ပြီးစီးမှာ မဟုတ်ဘူးဟု ဆိုသည်။ ၎င်းကအရှိန်မြှင့် လုပ်ဆောင်နိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေတွေ ရှိပါတယ်။ ကျွန်တော်တို့ သတ်မှတ်ရက်အမီ အပြီးသတ်ဖို့ လိုအပ်နေပါပြီဟုလည်း ဆက်လက် ပြောကြားခဲ့သည်။ ရီဘီလိုက ကွင်းများ ဆောက်လုပ်မှုအတွက် တာဝန်ယူထားသည့် ကုမ္ပဏီများ အနေဖြင့် ယခင်သဘောတူညီချက်ထက် ပိုမို၍ အစိုးရထံမှ ထောက် ပံ့စရိတ်ကို ရရှိမည်ဟု မမျှော်လင့်ရန်လည်း သတိပေးခဲ့သည်။အစိုးရက အသုံးစရိတ် တိုးမြှင့်ပေးမှာ မဟုတ်ပါဘူး။ ရှင်းရှင်းလေးပါ။ လုပ်သား(၁၀)ယောက်နဲ့ (၂)လကြာမယ့် အလုပ်ကို လုပ်သား(၂၀)ခန့်ပြီး (၁)လနဲ့ပြီးအောင် လုပ်လို့ရတာပဲလေဟု ရီဘီလိုက ပြောဆိုသွားသည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ယခင်ကွင်းဟောင်းများကိုပါ မွမ်းမံပြင်ဆင်ပြီး စုစုပေါင်း ဘောလုံးကွင်း (၁၂)ခု အသုံးပြုသွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။


Today Myanmar.
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map