<div style='background-color: none transparent;'></div>

Home » » ရေမြောင်းထဲတွင် အလောင်းတစ်လောင်း တွေ့ရှိ

ရေမြောင်းထဲတွင် အလောင်းတစ်လောင်း တွေ့ရှိ



ညောင်လေးပင် သြဂုတ် ၁ဝ

ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့ မြို့မ(၄)ရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၉၉/၁) အနီး ရေမြောင်းထဲတွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်က အလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။

ဖြစ်စဉ်မှာ ညောင်လေးပင်မြို့ မြို့မ(၄)ရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၉၉/၁) အနီး ရေအနက် ၄ ပေ၊ အကျယ် ၅ ပေ ခန့်ရှိ ရေမြောင်းထဲတွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ညောင်လေးပင် မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန် ရှိသူများ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ညောင်လေးပင်မြို့ မြို့မ(၂) ရပ်ကွက် ကြားတောရလမ်းတွင် နေထိုင်သူ မိုးသန်းစိုး(ခ) နောက်တိုး ၃၈ နှစ် (ဘ)ဦးစိုးနိုင် ဖြစ်ပြီး အရက် အလွန်အကျွံ သောက်၍ စိတ်ဖောက်ပြန် နေသူတစ်ဦး ဖြစ်ကာ ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ မှောက်လျက် အနေအထားဖြင့် ပုပ်ပွကာ သေဆုံး နေသဖြင့် ညောင်လေးပင် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ညောင်လေးပင် ရဲတပ်ဖွဲ့စခန်းမှ သေမှုသေခင်း အမှတ်စဉ် (၇/၂ဝ၁၃) ဖြင့် အမှုဖွင့်ကာ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ.........မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map