<div style='background-color: none transparent;'></div>

Home » » ဒေါ်လာဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ကွန်ပျူတာ ပစ္စည်းများ ဒေါ်လာဈေးနှုန်း ကပ်၍ ရောင်းချလာ

ဒေါ်လာဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ကွန်ပျူတာ ပစ္စည်းများ ဒေါ်လာဈေးနှုန်း ကပ်၍ ရောင်းချလာ







ရန်ကုန် သြဂုတ် ၁ဝ

ဒေါ်လာဈေးနှုန်းများ မြင့်တက် လာခြင်းကြောင့် ကွန်ပျူတာ အရောင်းဆိုင် အများစုက ရောင်းချမည့် ပစ္စည်းများပေါ်တွင် ဒေါ်လာ ဈေးနှုန်းများ ကပ်၍ ရောင်းချလာသည်ကို တွေ့ရသည်။

ယခင် ဒေါ်လာဈေးနှုန်းများ ကျဆင်းခဲ့သည့် အချိန်တွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင် အများစုက ရောင်းချမည့် ပစ္စည်းများ ပေါ် တွင် မြန်မာငွေကျပ် ဈေးနှုန်းများ ကပ်၍ ရောင်းချခဲ့ကြသည်။

''အရင်ဒေါ်လာဈေး ကျတုန်းကတော့ မြန်မာငွေကျပ်နဲ့ ဈေးနှုန်းကပ်ပြီး ရောင်းတယ်။အခု ဒေါ်လာဈေးတွေလည်း တက်လာရော ဒေါ်လာဈေးနဲ့ ကပ်ရောင်းလာတယ်။ အဲဒီလို ဆိုင်မျိုးတွေ အများကြီးပဲ။

ဒါပေမဲ့ ဒေါ်လာဈေး ကပ်ပြီး ရောင်းရင်လည်းရောင်း၊ မြန်မာငွေကျပ်နဲ့ ကပ်ပြီး ရောင်းရင်လည်းရောင်း တစ်ခုခုကို တစ်သတ်မတ်တည်း ရောင်းသင့် တယ်'' ဟု IT ပစ္စည်းဈေးကွက် ကျွမ်းကျင်သူ တစ်ဦးက သူ၏ဆန္ဒကို ပြောကြားခဲ့သည်။

ဒေါ်လာဈေးနှုန်း များမှာ နေ့စဉ် ဈေးနှုန်း အတက်အကျ ရှိသော်လည်း ကွန်ပျူတာ အရောင်းဆိုင်များမှ ပစ္စည်းများ ရောင်းချရာ တွင် နေ့စဉ် ဖြစ်ပေါ်နေသည့် ဒေါ်လာ အတက်အကျ ဈေးနှုန်းအတိုင်း တွက်ချက် ရောင်းချပေးခြင်း မရှိဘဲ ဒေါ်လာဈေးနှုန်း အမြင့်ဖြင့်သာ တွက်ချက် ရောင်းချပေးသည့် ဆိုင်များလည်း ရှိနေကြောင်း သိရသည်။


မြ၀တီ......................မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map