Home »
ရသ
» လူသဘောတရားနှင့် စကားပုံများ
လူသဘောတရားနှင့် စကားပုံများ

လူဖြစ်ကာမျှနှင့် မြတ်နိုးစရာမဟုတ်သေး၊ လူကောင်းဖြစ်ရခြင်း သည်သာလျှင် မြတ်နိုးစရာ အစစ်ဖြစ်သည်။ (ဆိုကရေးတီးစ်)
လူတစ်ဦး၏ ပထမဆုံးဂုဏ်ပုဒ်မှာ မိမိ၏ နှုတ်ကို စောင့်စည်းမှု ဖြစ်သည်။ (ကာတို)
နေ့စဉ် မျက်မှောက်၌ ဖြစ်ပျက်နေသော ကိစ္စတို့ကို သိခြင်းသည် လူ၏ အဓိကညာဏ်ပညာ ဖြစ်၏။ (မီလ်တန်)
ကောင်းသောဂုဏ် အချင်းအရာ မရှိပါက လူ၏မွေးဖွားရာဇာတိ မည်မျှကောင်းစေ ကာမူ အချည်းနှီးသာ တည်း။ (မော်လီဟေး)
မျှတမှုသည် လူလူချင်း ဆက်ဆံရာ၌ တိကျမှန်ကန်သော တရားသူကြီး ဖြစ်လေသည်။ (ဘာခ်)
ပိုးကောင်သည် အ၀တ်ကိုကိုက်၍ ဖျက်ဆီးသကဲ့သို့၊ မနာလိုဝန်တိုမှုမည်သည် လူတစ်ဦးကို ဖျက်ဆီးတတ် ပေသည်။ (အရစ်ဆိုတပ်)
လူတစ်ယေက်၏ နှုတ်မှထွက်သော စကားတို့၌ အပြစ် လေးမျိုး ရှိသည်။
မမှန်ကန်ခြင်း၊ ပုံပြင်ဆန်ခြင်း၊ ကြမ်းတမ်းရုန့်ရင်းခြင်း နှင့်
အကျိုးမဲ့ခြင်းတို့ဖြစ် သည်။ (ဖရန်ကလင်း)
ဒုက္ခရောက်နေသူကို သနားခြင်းသည် လူပီသသည်။ ထိုဒုက္ခမှ လွတ်မြောက် ကူညီပေးသူသည် လူအပီသ ဆုံးဖြစ်သည်။ (အဲလ်ဖရက်မန်း)
အကျိုးမဲ့သော လူ့ဘ၀ဟူသည် ကမ္ဘပေါ်တွင် ရှင်လျှက်နှင့် သေနေသော ဘ၀ မျိုးကိုဆိုလိုသည်။ (ဂါထေး)
လူ့ဘ၀ဟူသည် တိုတောင်းလှ၏။ မျှော်လင့်ချက် အနည်းငယ်၊ စိတ်ကူး ယဉ်ခြင်း
အနည်းငယ်ကို ပြုလုပ်ပြီး နောက် အိပ်ချိန်သို့ ရောက်လေသည်။
(လီယွန်ဒီမွန်တီနက်တင်း)
လူတစ်ယေက်သည် ပညာတတ်မြောက်ခြင်း မရှိသေးသမျှ ကာလပတ်လုံး လူတစ်လုံး သူတစ်လုံး ဖြစ်သည် ဟု မဆိုနိုင်သေးပေ။ (အိပ်ချမန်း)
သာမာန်လူများထက်ထူးကဲသော ပညာရှိ သူတော်စဉ်တို့၌ပင် ဦးနှောက်၏
တစ်ထောင့်တစ်နေရာ၌ ရူးမိုက် တတ်သောသဘော ကိန်းအောင်းနေ တတ်သည်။
(အရစ္စတော်တယ်)
စကားလုံးများ၏ သတ္တိကို မသိသောသူသည် လူတို့၏ အကြောင်းကိုလည်း မသိပေ။ (ကွန်ဖြူးရှပ်)
လေ့လာမှတ်သားခြင်း မပြုသော လူတစ်ယောက်၏ မျက်လုံးသည် မည်သို့မှ အကျိုးမရှိပေ။ (ပက်စန်တွဒ်)
သုတေသီ ဘုန်းမြင့်သွေး “ လူ့ဘ၀၊ လူ့အဓိပ္ပါယ်နှင့် လူသာပဓာန ”
စာအုပ်မှ -
Today Myanmar.......................မှ
0 comments:
Post a Comment