<div style='background-color: none transparent;'></div>

Home » » နှုတ်ခမ်းခြောက်သွေ့ ကွဲအက်လျှင် ===================

နှုတ်ခမ်းခြောက်သွေ့ ကွဲအက်လျှင် ===================





 မေး။ ။ လေးစားရပါသော ဆရာခင်ဗျာ။ ကျွန်တော့်နှုတ်ခမ်းမှာ မကြာခဏ ခြောက်သွေ့ပြီး ကွဲတတ်ပါတယ်။ တစ်ခါတလေ ပူတဲ့ အစားအစာတွေကို စားတဲ့ အခါမှာ နှုတ်ခမ်းက နီရဲ ပြီး ပူစပ်တာကို ခံစားရပါတယ်။

ယောက်ျားလေး ဖြစ်လို့ သိပ်ဂရုမစိုက် မိတာက တစ်ကြောင်း၊ ဒီလောက် ရောဂါလေးနဲ့ ဆေးခန်းမသွားလို တာကလည်း တစ်ကြောင်းဆိုပြီး ပေလာခဲ့တာ အခုဆို နှုတ်ခမ်းတွေ ပိုကွဲပါတယ်။နှုတ်ခမ်း ကွဲတာထက် ပါးစပ်ထောင့်မှာပါ ကျီးကန်းပါးစပ် ဖြစ်တာက ပိုခံရခက်ပါတယ်။ မဖြစ်အောင် ဘယ်လို လုပ်ရမလဲ။

ဖြေ။ ။ မောင်ထွန်းဦးဆွေကို နှစ်သိမ့်လိုတာက လူတိုင်း ခြောက်သွေ့ နှုတ်ခမ်း ကွဲနိုင်တယ် ဆိုတာပါ။ နှုတ်ခမ်းဟာ အမြဲစိုစွတ် နေသင့်သလို နေရောင် ကိုလည်း ကြောက်ပါတယ်။ အေးလွန်း၊ ပူလွန်း၊ လေတိုက်လွန်းရင်လည်း နှုတ်ခမ်းက ကွဲအက်တတ်ပါတယ်။ တချို့ နှုတ်ခမ်းသပ်ရင်း စကားပြောတတ် သူတွေဆိုရင် ပိုပြီးတော့တောင် ကွဲအက် တတ်ပါတယ်။ အစိုဓာတ် (ရေငွေ့) စုဆောင်းတတ်တဲ့ နှုတ်ခမ်းထောင့်နဲ့ အနီးတစ်ဝိုက်မှာ ပိုမို ကွဲအက် လာတတ်ပါတယ်။ အဲဒီကနေ အနာဖြစ်ပြီး ပါးစပ်ဟတိုင်း ပူစပ်ပူလောင် ဖြစ်ကာ နာတတ် ပါသေးတယ်။ ဒီလိုမျိုးဖြစ်လာရင် အရည်တစိုစိုနဲ့ မှိုပါဝင် တတ်လို့ အထူး သတိပြု သင့်ပါတယ်။

ဒီလို နှုတ်ခမ်းကွဲအက်မှု မျိုးကို သွားတု တပ်သူတွေ၊ သွားကျိုးသူတွေ၊ ချိုလိမ် ကိုက်ရတဲ့ ကလေးတွေနဲ့ သွေးအားနည်း ရောဂါအခံ ရှိသူတွေမှာ လည်း တွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေ ဆိုရင်လည်း သုံးစွဲတဲ့ နှုတ်ခမ်းနီနဲ့ ဓာတ်မတည့်လို့ နှုတ်ခမ်းကွဲအက် တတ်ပါသေး တယ်။နှုတ်ခမ်း ခြောက်သွေ့ကွဲအက်လျှင်

(၁) ဂျယ်လီအလှဆီ သို့မဟုတ် ခရင်မ်အလှဆီ တစ်မျိုးမျိုးကို လိမ်းပေးပါ။

(၂) အေးလွန်း၊ ပူလွန်း၊ ခြောက်သွေ့လွန်းတဲ့ နေရာတွေ သွားမယ်ဆိုရင် နှုတ်ခမ်း အစိုဓာတ်ထိန်း အလှဆီတောင့်ကို မသိမသာ လိမ်းပါ။

(၃) နှုတ်ခမ်းနာကို ပိုပူစပ်စေမယ့် အချဉ်၊ အစပ်၊ အပူ အစားအသောက်များ ရှောင်ပါ။

(၄) ပူတဲ့ရာသီမှာ ရေများများ သောက်ပေးပါ။

(၅) နှုတ်ခမ်းကို လျှာနဲ့ မသပ်ပါနဲ့။

(၆) ဆေးလိပ်ငွေ့ ရှောင်ပါ။ အရေးကြီးတာက နှုတ်ခမ်းကို moisturaizer သုံးပေးဖို့ပါ။

အိပ်ယာဝင်ခါနီး မျက်နှာသစ်ပြီးတိုင်း နှုတ်ခမ်းမှာ moisturaizer တစ်ခုခု လိမ်းပေးပါ။ ဆေးလိပ်လည်း မသောက်ဘူး၊ အထက်ပါ အချက်အလက် တွေလည်း ဂရုပြုမယ် ဆိုရင် နှုတ်ခမ်း ကွဲအက်ပူစပ်တဲ့ အနာပျောက်ကင်း သွားပါလိမ့်မယ်။



 မြ၀တီ.............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map