<div style='background-color: none transparent;'></div>

Home » » ဖုန်းမရှိပဲ သင်နေနိုင်လား

ဖုန်းမရှိပဲ သင်နေနိုင်လား




 ဖြေရခက်တဲ့ မေးခွန်းတစ်ခုလိုမျိုး ဖြစ်နေတာ ဖွံ့ဖြိုးပြီး နိုင်ငံမှာပါ။ ယခု မြန်မာပြည်ကိုလည်း ကူးဆက်လာ ပါပြီ။ နယ်တော့ မသိ။ ရန်ကုန်မြို့ ကြီးတွေမှာတော့ စမတ်ဖုန်း တကားကားနဲ့ ဘယ်နေရာမှာ ပဲ ဖြစ်ဖြစ် မြင်တွေ့နေရပါပြီ။

Technical Gadget များက Life Style များကို ပြုပြင်ပြောင်းလဲပေး တာတော့ အမှန်ပါပဲ။ ယင်းပြုပြင် ပြောင်းလဲပေးမှုထဲမှာ Promote လုပ်တာ လည်း ပါသလို၊ Demote ဖြစ်သွားတာတွေလည်း ပါဝင်ပါတယ်။ Promote ကတော့ လူတိုင်း သိမှာပါ။ ဆက်သွယ်ရေးအတွက် အဆင်ပြေဆုံး အခြေ အနေ တစ်ခု အထိ ဖြစ်လာပြီး သွားလေရာ အသုံးတည့်တဲ့ Portable Computing Device တစ်ခုဖြစ်လာခြင်း ဖြစ်ပါတယ်။ ဒီတော့ ကောင်း ကျိုးဖြစ်ထွန်းလာမှုမှာ အပြစ်ပြောစရာ မရှိပါဘူး။

နောက်တစ်ခုက Demote ဖြစ်ပါတယ်။ စမတ်ဖုန်း အသုံးပြုမှုကြောင့် Real Life နဲ့ Exposure (ထိတွေ့မှု) ကနေ Virtaul World ဘက်ကို ပြောင်း လဲသွားပြီး Activity (လုပ်ဆောင်ချက်) တိုင်းမှာ စမတ်ဖုန်းရဲ့ နေရာယူမှုက အင်မတန် များပြားလာပါတယ်။ ဥပမာ သူငယ်ချင်းများနဲ့ တွေ့ဆုံနေ ချိန်မှာတောင် ဖုန်းနဲ့ ဂိမ်းဆော့ခြင်း၊ စာပို့ခြင်း တို့ပြုလုပ်တာတို့၊ ပွဲလှမ်း သဘင်ရောက်လဲ စမတ်ဖုန်း ကင်မရာနဲ့ မှတ်တမ်းတင်မှု သာ အလေးပေးပြီး Real Life Pleasure လျော့နည်းသွားတာတို့၊ ခရီးသွားပေမယ့် စမတ်ဖုန်းနဲ့ အမျှင် အပြတ်နိုင်တာတို့ အစရှိသဖြင့် အများကြီးမှ အများကြီးပါ။

ဒီတော့ လူတွေရဲ့  ခံစားမှု ပျော်ရွှင်မှု အစစ်အမှန်ဟာ Outside Environment မှာ မရှိတော့ပဲ တဖြည်း ဖြည်း Online, On phone ဖြစ် လာပါတယ်။ စိတ်အာဟာရ ရရှိဖို့အတွက် All The Things can be come from Smarphone ဆိုတဲ့အတိုင်း တကယ်ဖြစ်လို့နေပါပြီ။ ဒါဟာ ကောင်းတဲ့ လက္ခဏ မဟုတ်ပါဘူး။ ဆိုးတဲ့ လက္ခဏာလို့လည်း အတိအကျ ပြော လို့မရ ပါဘူး။ ဒါတွေကို ခွဲခြားနိုင်ဖို့အတွက် မိမိကိုယ်ကို သုံးသပ်ဖို့ လိုပါ တယ်။ အောက်ပါ ပညာပေး မိနစ်ပိုင်းကြာ ဗီဒီယိုလေးကို ကြည့်ရှုခြင်းဖြင့် လည်း သိမြင် လာနိုင် ပါတယ်။
.
Youtube

Aung Kham (TSJ team)

Today Myanmar...........................မှ


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map