<div style='background-color: none transparent;'></div>

Home » » ရှာရာပိုဗာ နဲ့ ဂိမ်းကစားရအောင် ==================

ရှာရာပိုဗာ နဲ့ ဂိမ်းကစားရအောင် ==================




အွန်လိုင်းဂိမ်းဝါသနာ အိုးတွေအတွက် Facebook မှာကစားရမယ့်
ဂိမ်းအမျိုးစားပါ၊ဒီဂိမ်းမှာ အခြားဂိမ်းတွေနဲ့ကွဲပြားတာကတော့
ဂိမ်းဇတ်ကောင်နေရာမှာ 3D ရုပ်ပုံကိုအသုံးမပြုထားပဲ ရှာရာပိုဗာကိုယ်တိုင်
ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။

တင်းနစ် အကျော်မော် ရှာရာပိုဗာကိုအားပေးတဲ့ ပရိတ်သတ်တွေ
အတွက်တော့ ရှာရာပိုဗာရဲ့  ရိုက်ကွင်းကလုပ်ရှားပုံတွေကို အခန်းဆက်
တစ်ဝကြီးကြည့်ရှုရမှာ ဖြစ်ပါတယ်။

ကစားရမယ့် ပုံစံက အမေးအဖြေပုံစံဖြစ်ပြီး ဥပမာ ရိုက်ကွင်းမှာ ဘယ်သူက
မိတ်ကပ်လိမ်းပေးတယ်၊ဘယ်သူက ဓာတ်ပုံရိုက်တယ် အစရှိတဲ့ နာမည်တွေ
ကိုသုံးခုစီ ပေးကာ တစ်ခုကိုမှန်ကန်အောင် ရွေးချယ်ဖြေဆိုရမှာဖြစ်ပါတယ်။

ဖြေဆိုမှုမှန်ကန်မယ်ဆိုပါက Level အလိုက်အဆင့်ဆင့်
တက်ကာ ကြည့်ရှုရမယ့်အခန်းတွေကို လော့ခ်ပွင့်စေမှာဖြစ်ပါတယ်၊

Social Channel က အပတ်စဉ် အခန်းသစ်တွေကို တင်ဆက်ပေးသွားမယ့် ရှာရာပိုဗာရဲ့  ရုပ်သံဂိမ်းကိုကစားချင်လိုသူတွေအတွက်..

https://apps.facebook.com/sharapovachannel/ လင့်ခ်မှာဝင်ရောက်
ကစားနိုင်ပါပြီ။

Khun Nay(Tsj team)

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map