<div style='background-color: none transparent;'></div>

Home » » "အနုပညာပျိုးခင်းက ဆရာ ၆ ယောက်ကို ကျေးဇူးကန်းမည် မဟုတ်ကြောင်း ရွှေမှုံရတီပြော"

"အနုပညာပျိုးခင်းက ဆရာ ၆ ယောက်ကို ကျေးဇူးကန်းမည် မဟုတ်ကြောင်း ရွှေမှုံရတီပြော"



’ပွေလီမ’ ဆိုတဲ့ဇာတ်ကားကို ရွှေမှုံရတီက ခန့်စည်သူနဲ့အတူ ရိုက်ကူးနေ ပါတယ်။ ဒီဇာတ်ကား ထဲမှာ ရွှေမှုံရတီက ကာရိုက်တာသုံးမျိုးနဲ့ သရုပ်ဆောင် ထားပါတယ်။
ဒီဇာတ်ကားကို ရိုက်နေရင်းနဲ့ ကိုယ်တိုင် သဘောကျရသလို ပရိသတ်တွေ လည်း အကြိုက်တွေ့မယ့် ဇာတ်ကားလေးဖြစ်မှာ ပါလို့ ရွှေမှုံရတီက ဆိုပါတယ်။

”ရွှေမှုံက ဒီဇာတ်ကားထဲမှာ ကာရိုက်တာသုံးခုလောက်ကို ရောပြီး သရုပ်ဆောင် ရတယ်။ တော်တော့် ကိုခေါင်းမူး တယ်။ မိန်းမလျာ ပုံစံရော၊ အခြောက်ပုံစံပါလုပ်ရတယ်။ဒီဇာတ်က ဒရာမာ ဇာတ်ကားထက်အချိန်ပို ကြာတယ်။ အိုက်တင်လုပ် ရတဲ့ အခါမှာလည်း သူများတွေတော့ မသိဘူး။ ကိုယ့်ဟာကိုယ်လုပ်ပြီး ကိုယ့်ဟာကိုယ် ပြန်ရယ်နေ ရတယ်။ ပရိသတ်မြင် ရင်လည်း ဒီဇာတ်ကားလေးက ပွဲကျမယ့် ဇာတ်ကားလေးလို့ ရွှေမှုံ ထင်ပါတယ်။အတတ်နိုင်ဆုံးကြိုးစားပြီး သရုပ် ဆောင်ထားတယ်” လို့ပြောပါတယ်။

ရွှေမှုံရတီက အခုလိုမျိုး ပရိသတ်တွေ အားပေး လက်ခံကြတာက ဆရာတွေ ရဲ့ကျေးဇူးကြောင့်ဖြစ်သလို ဆရာတွေကို ကျေးဇူးကန်းတဲ့နေ့ က သူ့အနေနဲ့ အနုပညာလောကထဲမှာ မရှိတော့တဲ့နေ့ပါပဲလို့ပြောပါတယ်။

“ရွှေမှုံ့ ဆရာတွေအပေါ်မှာ ရွှေမှုံ တအားအလေးထားတယ်။ မိဘနဲ့ဆရာ ကို ရွှေမှုံ ဘုရားနဲ့တစ် ဂိုဏ်းတည်းထားပြီး ကိုးကွယ်တယ်။ ဆရာ ၆ ယောက် အပြင် ရိုက်ကွင်း မှာရှိတဲ့သူတွေအားလုံးက ရွှေမှုံကို သင်ပေး ကြတယ်။ သရုပ်ဆောင်တွေ၊ Supporting တွေ၊ ကူပေးကြတဲ့ သူတွေ အားလုံး ကို ရွှေ မှုံကျေးဇူးလည်းတင်တယ်။ ရှိခိုးကန်တော့ပြီးမှ အိပ်တယ်။ အမြဲတမ်းလည်း မေတ္တာပို့ပေးပါတယ်။ ရွှေမှုံ့ ရဲ့ဆရာတွေ ကို ရွှေမှုံကျေးဇူး ကန်းတဲ့နေ့ ဟာ ရွှေမှုံဒီလောကထဲမှာမရှိတော့တဲ့နေ့လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်။

ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အောင် မြင်ပြီလို့ သတ်မှတ်တဲ့နေ့က ကျရှုံးတဲ့နေ့ လို့ ခံယူထားတယ်။ကိုယ့်ကိုယ်ကိုယ် ကျေးဇူး ကန်းတဲ့တပည့်တစ်ယောက် လည်း မဖြစ်ချင်ဘူး။ ရွှေမှုံက မိဘ၊ ဆရာတွေကို အလေးအနက်ထားတယ်။ လွယ်လွယ်ကူကူပြောင်းလဲ တတ်တဲ့သူလည်း မဟုတ်ဘူး။ ဆရာတွေရဲ့ကျေးဇူးကြောင့် ရွှေမှုံ အခုလို ပရိသတ်ရဲ့ အချစ်ကို ခံယူရတာလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ ရှေ့လျှောက်လည်း ဆရာတွေနဲ့ လက်တွဲပြီး အလုပ်တွေလုပ်သွားမှာပါ” လို့ ပြောပါတယ်။

လွင်လွင်ထွန်း

အေးချမ်းမွန်
Share this article :

1 comments:

susan said...

အရည်မရ အဖတ်မရ သူ့စားပေါက်အတွက်ပြောတာလဲ တင်တာဘဲလား

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map