၁၇-၃-၂၀၁၃ ရက်နေ့ ၀၀၃၅ အချိန် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊
သုခသိဒ္ဓိရပ်ကွက်။ တိုက်အမှတ် (၄၃ ၁၇ )၊ အခန်းအမှတ်(၂၃)တွင်
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ နေပြည်တော် အမှတ်(၉)ရဲစခန်းမှ တပ် ဖွဲ့
ဝင်များ သွားရောက်စစ်ဆေးရာ သတင်းနှင့် နည်းပညာ ၀န်ကြီးဌာန၊
ဗဟိုစာတိုက်ကြီးမှ ဦးကျော် စွာ မင်း ၏ ဇနီးဖြစ်သူ ဒေါ်ခင်သန်းထွေး(၃၃)နှစ်
အား နေအိမ်တိုက်ခန်း အိမ်သာ အတွင်း မီးလောင်ဒဏ် ရာ များဖြင့်သေဆုံးေ
နသည်ကိုတွေ့ရှိရပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ဦးကျော်စွာမင်း မှာ ဇနီးသည်
မီးလောင်ေ န သည် ကို ငြှိမ်းသတ်စဉ် ၀ဲ/ယာလက်တို့တွင် မီးလောင်
ဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော် ကုတင် (၁၀၀၀ )ဆေးရုံသို့ ပို့အပ်ခဲ့ပြီး
နေပြည်တော်အမှတ်(၉) ရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၃)ဖြင့် အမှုဖွင့်
စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ဦးကျော်စွာမင်း၏ဇနီးဖြစ်သူ ဒေါ်ခင်သန်းထွေးမှာ နေအိမ်၌
ဈေးဆိုင်/ လက်လီ ဖွင့်လှစ်ေ ရာင်း ချပြီး ငွေကြေးလိုအပ်နေသဖြင့်
လွန်ခဲ့သောတစ်ပတ်ခန့်က ငွေကျပ်(၆၅၀၀၀၀ိ/-)အား ပြင်ပ မှချေး ယူေ
ပးခဲ့ကြောင်း၊ ရုံးသုံး ဆိုင်ကယ် အတွက် ရေလောင်းအိမ်သာခန်း အတွင်းတွင်
ဓါတ်ဆီ ရေသန့်ဗူး ၂ ဗူး ထည့် ထားကြောင်း၊ အခင်းဖြစ်နေ့ ၂၂၃၀ အချိန်တွင်
ရေလောင်းအိမ်သာခန်း အတွင်းမှ အသံများ ကြားရ သဖြင့် တံခါးအားဆောင့် ဖွင့်ရာ
မီးတောက်များ အခန်းအပြင်သို့ထွက်လာပြီး ၎င်း၏လည်ပင်း၊ ရင်ဘတ်၊ ယာ
ဘက်ခြေထောက်နှင့် လက်နှစ်ဘက် တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊
၎င်း၏ အော်ဟစ် အကူ အ ညီတောင်း ခံမှုကြောင့် မျက်နှာချင်းဆိုင် အခန်းနေ
ဦးချိုနိုင်(၄၆) နှစ်မှ အခန်း တံခါး ဖွင့်ခိုင်း သဖြင့် အခန်း
တံခါးဖွင့်ပေးစဉ် နေအိမ်တိုက်ခန်းနေထိုင်သူများမှ မီးသတ်
ဆေးဗူးများဖြင့်ရောက်ရှိလာပြီး ၀ိုင်း ၀န်း မီးငြှိမ်း သတ်သဖြင့်
မီးငြိမ်းသွားခဲ့ပြီး ဒေါ်ခင်သန်းထွေးမှာ ရေလောင်းအိမ်သာခန်း အနောက် ဘက်
နံရံတွင် ခေါင်းမှီ ၍ မီးလောင် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် တိုက်
အုပ်ဖြစ်သူ ဦးမင်းသန်းနိုင်မှ အမှတ်(၉)ရဲ စခန်း သို့ တယ်လီဖုန်းဖြင့်
အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် သေဆုံးသူ ဒေါ်ခင်သန်းထွေးမှာ ပျဉ်းမနားမြို့၊
ကျောက်တော်ရပ်ကွက်ဇာတိဖြစ်ပြီး ၄င်း၏ ခင်ပွန်ြး ဖစ် သူ ဦးကျော်စွာ မင်းမှာ
ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်နေသူဖြစ်ကြောင်း၊ ၄င်းတို့တွင် အသက်(၅
)နှစ် အရွယ်ခန့်ရှိ သားတစ်ဦး ရှိကြောင်း၊ ၎င်းတို့ လင်မယားရန်ဖြစ်
သည်ကို တွေ့မြင်ကြား သိခဲ့ရခြင်း မရှိကြောင်း ပတ်ဝန်းကျင် သက်သေ
များ၏ ပြောပြချက်အရ သိရှိရပြီး မှုခင်း ဆရာဝန်ကြီး၏ ရင်ခွဲစစ်ဆေး ချက် အရသေ
ဆုံးသူ ဒေါ်ခင်သန်းထွေးတွင် မီးလောင်ဒဏ်ရာမှအပ အခြား ဒဏ်ရာများ
တွေ့ရှိရခြင်း မရှိေ ကြာ င်းနှင့် မသေဆုံးမီ အသက်ရှူ လမ်းကြောင်းမှတဆင့်
အဆုတ်ထဲသို့ မီးခိုးငွေ့များဝင်ရော က်ပြီးသေ ဆုံး ခဲ့ခြင်း ဖြစ်ကြောင်း
သိရှိရသည်။
ရဲဇာနည်
oppositeyes

0 comments:
Post a Comment