<div style='background-color: none transparent;'></div>

Home » » “သမီးဖြစ်သူ စစ်လွန်းဝတီထက်ကြောင့် ပီတိဖြစ်ခဲ့ရသူ ထက်ထက်မိုးဦး”

“သမီးဖြစ်သူ စစ်လွန်းဝတီထက်ကြောင့် ပီတိဖြစ်ခဲ့ရသူ ထက်ထက်မိုးဦး”


Aroma (zulu studio)မှ ကျင်းပတဲ့ facebook online ပေါ်မှ We Love aroma People Choice Award အထူးဆုကြီးကို စစ်လွန်းဝတီထက်က ရရှိခဲ့ပါတယ်။ မိခင်ဖြစ်သူထက်ထက်မိုးဦးကို သမီးလေးဆုရတဲ့အတွက် မိခင်တစ်ယောက်ရဲ့ဝမ်းသာပီတိစကားကို မေးကြည့်တော့ “ထက်ထက်သမီးလေးကို နဂိုကတည်းက ပေါ်ပြူ လာဂျာနယ်နဲ့ facebook ပေါ်မှာ ရေးထားတယ်။ အင်တာနက်ထဲမှာ ရေပန်းအစားဆုံးနဲ့ လူစိတ်ဝင်စားအများဆုံးထဲမှာ စစ်လွန်းဝတီကပါနေတော့ တအား ဝမ်းသာတယ်။ ကိုယ်တောင် မပါဘူးလေ။ ကိုယ့်သမီးကို ကိုယ့်ကိုယ်အသိအမှတ် ပြုပေးသလို၊ အားလုံးက အသိအမှတ်ပြုပေး ဂရုဏာသက်ပြီး ချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီပြိုင်ပွဲက သူ့ အတွက်ဘဝမှာ ပထမဆုံးပြိုင်ပွဲဆို တော့အနိုင်ရစေချင်တာပေါ့လေ” လို့ မိခင်တစ်ဦးရဲ့မေတ္တာကို ဖွင့်ပြော ပြခဲ့ပါတယ်။
အခုပြိုင်ပွဲမှာ ပရိသတ် တော်တော်များများက ချစ်စရာလေး မအေတူသမီးလေးပဲလို့ ရေးကြသလို၊
တချို့က ထက်ထက်မိုးဦး သမီး မဟုတ်ရင်တောင် ချစ်စရာ ချစ်မွေး ပါတဲ့သမီးမို့ comment ရေးကြတဲ့အပေါ်ကို “ချစ်တဲ့သူရော၊ အချစ်ခံရတဲ့သူအတွက်ရော ပီတိဖြစ်စရာ ဝမ်းသာစရာပါ။ လူ့လောကမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြ ခင်ကြ မေတ္တာထားကြတာ အကောင်းဆုံးပါပဲ။ ထက်ထက် သမီးလေးကြောင့် ဝမ်းသာပီတိတွေ ဖြာခဲ့ရပါတယ်။ စစ်လွန်းရဲ့ အောင်ပွဲက ထက် ထက် အောင်ခဲ့တဲ့ ပွဲတွေထက် အဆ ပေါင်းများစွာကို သာလွန်ပါတယ်။ ထက်ထက်ဝင်ပြိုင်တာလည်း နှစ်ပတ်လောက် နောက်ကျမှ ဝင်ပြိုင်ဖြစ်တယ်။ စိတ်ထဲမှာတော့ နည်းနည်းစိုးရိမ်တယ်။ စိုးရိမ်တယ် ဆိုတာက လူတွေက ချစ်ပြီးသားမှန်ပေမယ့် မတော်တဆများ ဆိုပြီး စိတ်ပူမိတယ်။ အခုသူ့အတွက် ထက်ထက်နဲ့ ကိုဇူးတို့ထက် ဝမ်းသာမယ့်လူ မရှိပါဘူး။ သမီးလေးကိုချစ်လို့ like လုပ်ပေးတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ပြောပြခဲ့ပါတယ်။ သမီးလေးရတဲ့ ဆုငွေ ကျပ်၁၅သိန်းကိုလည်း လိုအပ်တဲ့ နေရာမှာ လှူဒါန်းမှာဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။
ထူးထူး
 popularmyanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map