<div style='background-color: none transparent;'></div>

Home » » ပြည်မြို့ မှနည်းပညာကျောင်းသားနှစ်ဦးရဲ့ ဖြစ်ရပ်မှန်

ပြည်မြို့ မှနည်းပညာကျောင်းသားနှစ်ဦးရဲ့ ဖြစ်ရပ်မှန်



(ပြည်မြို့နေသူများအသက်ဘေးအန္တရာယ်ကင်းဝေးစေ၇န်SHARE ပေးကြပါခံဗျာ)

အသိပေးကြောင်းကြားတိုင်ကြားချက်နှင့်တကွ အခြားသော ပြည်သူများကို သိရှိစေလိုခြင်းအား ရည်ရွယ်ပါသည်။

(17.3.2013 ) ရက်နေ့ ည ( 10:30 ) နာရီတွင် ပြည်မြို့နယ် မြို့ထဲတွင်ရှိသော အောင်ဆန်း ရပ်ကွက် လိပ်ပြာလမ်းထောင့် တွင် ရှိသော ကျနော့် နှင့် ကျနော့် သူငယ်ချင်း Second Years Civil ( P.T.U ) အား လက်နက်ကိုင်ဆောင်ပြီး အနုကြမ်းစီးပြီး ဆိုင်ကယ် ယူရန်ကြိုးပန်းခြင်းဖြစ်ပါတယ်။

ဖြစ်ကြောင်းကုန်စဉ်မှာ ၊ ၊ (17.3.2013 ) ရက်နေ့ ည ( 10:30 ) နာရီတွင် ကျနော့်တို့ သူငယ်ချင်းနှစ်ယောက်သည် အပြင်မှ ထမင်းစားပြီးအပြန်တွင် အဆောင်ရှေ့အမှောင်ထဲတွင် ဆိုင်ကယ်ရပ်ကာ ကျွန်နော် သည် ဆိုင်ကယ်ပေါ်တွင် ထိုင်ကာ ဂိမ်းဆော့နေချိန်တွင် နောက်မှ လူနှစ်ဦး ဆိုင်ကယ် ဖြင့် ၀င်ရောက်လာကာ တစ်ဦးမှာ ကျွနော့် ၏ ဆိုင်ကယ် နောက်သို့ လာထိုင်ပြီး ကျနော့် ၏ နောက်ကျောဘက်ကို ဓါးနှင့်ထောက်ထားပြီး


ကျန်တစ်ယောက်မှာ မလှမ်းမကမ်းအကွာတွင် ဆိုင်ကယ်ကို ရပ်ကာ စောင့်နေသည်၊ ဓါးနှင့် ထောက်ထားနေချိန်တွင် မအော် ရန် နှင့် မျက်နှာ မပျက်ရန်ပြောဆိုကာ အဆောင်ထဲကို ၀င်သွားသော ကျွန်နော့်၏ သူငယ်ချင်းကို လည်း သူငယ်ချင်း ကို လိုက်ပို့မည်ဟု ဓါးနှင့်ထောက်ထားသော သူက ပြော့ဆိုခိုင်း၏ ။

ထိုစဉ်တွင် အဆောင်ထဲမှ ကျနော့် သူငယ်ချင်း ထွက်လာသဖြင့် သော့တောင်းလိုက်သည်။ထိုစဉ်တွင် ကျနော့် ၏ သူငယ်ချင်းမှာ ကျနော့်အား ဓါးနှင့်ထောက်ထားသည် ကို မသိပါ။

ကျွန်နော် ဆိုင်ကယ်သော့ ရသော အခါ ဆိုင်ကယ် သော.ကိုဖွင့်ရန် ဟန်ဆောင် ကာ ဆိုင်ကယ်ပေါ်မှ ကျွန်နော် သည် ခုန်ဆင်းပြေးထွက်ပြီး သူခိုး သူခိုး ဟု အကြယ်ကြီး အော်သည်၊ ကျွန်နော့် အား ဓါးနှင့်ထောက်ထားသူမှာ သူ နှင့် ပါလာသော သူ ၏ ဆိုင်ကယ်ပေါ် သို့ ပြေးတက်သွားသည်။

ကျွန်နော့် သူငယ်ချင်းလည်း နောက်မှ ပြေးလိုက်ပြီး ဆိုင်ကယ် ပေါ်က ဆွဲချရန် ကြိုးစားသည်။ ဆိုင်ကယ်မှာ အရှိန်ပြင်းသောကြောင့် မမိလိုက်ပေ။ ကျွန်နော့်၏လက်နှင့် ခါးတွင် ဓါးထိသွားခဲ့သည်။

ထိုဖြစ်စဉ် နေရာမှာ အောင်ဆန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးရုံးနှင့် ဂိုက် 100 အကွာ သာသာာ လောက်တွင် ရှိသည်။သို့ပေမဲ့ ရုံးထဲရှိ ရဲအရာ ရှိများက နေမြဲနေလေသည်။

ထိုခဏတွင် အုပ်ချုပ်ရေးမှုး ရုံးသို့ ကျွန်နော်တို့ သူငယ်ချင်းနှစ်ယောက် သွားရောက်တိုင်ကြား ရာတွင် ရုံးရှေ့တွင် ထိုင်နေသော ရဲတစ်ယောက် အသံလည်း ကြားတယ် ဆိုင်ကယ်မြန်မြန်နဲ့ ရုံးရှေ့မှ ထွက်ပြေး သွားတာကို လည်း မြင်လိုက်တယ်လို့ ဆိုပါတယ်။

အသံ့ဆက်မကြားတော့သဖြင့် ဘာမှ မဖြစ်လောက်ဘူးဆိုတာ ဆက်ထိုင်နေသည်ဟု ဆိုပါတယ်။ တခြားရဲတစ်ယောက်က ဖုန်းပြောတာကို ခဏ စောင့်နေရ သည် ။

ဖုန်းပြောပြီးကာမှ ဖြစ်ကြောင်းကုန်စဉ် ကို ကျွန်နော့် တို့အား မေးမြန်ကာ မှတ်စု အတို ဖြင့် မှတ်ပြီး လမ်းမှာတွေ့ရင် စစ်ဆေးလိုက်ပါမယ် လို့ပြောပါတယ်။ အရေးအကြောင်းရှိရင် အမှတ် ၃ ရဲစခန်းကို ဖုန်းဆက်ရန် ဖုန်းနံပတ် ပေးလိုက်ပါသည်။


ထိုသို့ပြောလိုက်သောအခါ ကျွန်နော့် တို့ နှစ်ယောက်မှ ရဲများကို အားမလိုအားမရဖြစ်ကာ ၀မ်းနည်းမိပါသည်။ ကျွန်နော်တို့ လည်း စာမေးပွဲ ဖြေရန် နှစ်ရက် သာ လိုတော့ သည်ဖြစ်သဖြင့် အလွန် ကို စိတ်လှုပ်ရှားရပါသည်။

ထိုအချိန် ထိုနေရာမျိုးမှာ မဖြစ်သင့်ဘူးလို့ ကျွန်နော်တို့ ထင်ပါတယ်။ အသက် အန္တရာယ် ပါထိခိုက်နိုင်သော ဓါးမြ မှု ဖြစ်ပါတယ်။ ထို့ကြောင်ရဲအရာရှီများ ပေါ့ဆဆ နေကျခြင်းကို အထက်လူကြီးမင်းများသိအောင်သိအောင် တိုင်ကြားစေလိုပါသည်။

ထို့ကြောင့် အများပြည်သူများ ဘေးကင်းစေရန်နှင့် ကျွန်နော်တို့လည်း နောက် ဒီလို အဖြစ်မျိုးနှင့် မကြုံစေလိုပြီး ထို သို့ အမှုများနှင့်စပ်လျဉ်း ဖြစ်စဉ်များ မဖြစ်စေရန် အများပြည်သူများ သိစေကာ ထိုသို့ ဖြစ်စဉ်များ နောက်ထပ် မဖြစ်ပွားအောင် ဆောက်ရွက်ရန် တိုင်ကြားစေလိုပါသည်။
ပုံ/
Second Years Civil ( P.T.U ) ကျောင်းသားနှစ်ဦး
တကယ်ဖြစ်ရပ်ပါ။

Posted From Ayecham Aung
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map