<div style='background-color: none transparent;'></div>

Home » » တနင်္လာနေ့၏ စိတ်ဝင်စားဖွယ် အချက်အလက်များ

တနင်္လာနေ့၏ စိတ်ဝင်စားဖွယ် အချက်အလက်များ

တနင်္လာနေ့ကို သိပ္ပံပညာရှင်များက ယခုလို အဖြေထုတ်ထားပါတယ်။
၁။ တနင်္လာနေ့သည် မိမိကိုယ်ကိုယ် သေကြောင်းကြံနေ့ (Suicide day)

ကမ္ဘာတစ်လွှားက သေကြောင်းကြံသူများကို စစ်တမ်းကောက် လေ့လာရာ အများစုဟာ တနင်္လာနေ့မှာ မိမိကိုယ်ကိုယ် သေကြောင်းကြံ ကြပါတယ်။ အားလပ်ရပ်မှာ ၁၃ ရာခိုင်နှုန်းသာ သေကြောင်းကြံပေမယ့် တနင်္လာနေ့မှာ ဆိုရင် အမျိုးသား ၁၆ ရာခိုင်နှန်း၊ အမျိုးသမီး ၁၇ ရာခိုင်နှုန်း သေကြောင်း ကြံ ကြပါတယ်။
၂။ တနင်္လာနေ့သည် နှလုံးရောဂါနေ့
Heart attack ဖြစ်သူများကို လေ့လာရာမှာလည်း တော်တော်များများက တနင်္လာနေ့မှာ ဖြစ်ကြတာ ဖြစ်ပါတယ်။ တနင်္လာနေ့မှာ နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါ ဖြစ်နိုင်ချေဟာ အမျိုးသားများအတွက် ၂၀ ရာခိုင်နှုန်း၊ အမျိုးသမီးများအတွက် ၁၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အဓိကအချက် ကတော့ စိတ်ဖိအား ပိုများတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

၃။ မရယ်မော မနက်
 တနင်္လာနေ့မနက် ၁၁ နာရီ ၁၆ မိနစ်အထိ မရယ်မောဘူးလို့ ပျှမ်းမျှ စစ်တမ်း အရ လေ့လာတွေ့ရှိပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ တနင်္လာနေ့ ဆိုရင် ၁၁း၁၆ နောက်ပိုင်းမှပဲ ရယ်မောတယ်လို့ ဆိုပါတယ်။
၎။ တနင်္လာနေ့သည် တိရစ္ဆာန်များအား လွမ်းဆွတ်သည့်နေ
တနင်္လာနေ့ ညနေဆိုရင် မိမိရဲ့  သေဆုံးသွားတဲ့ အိမ်မွေးခွေး၊ ကြောင် အပြင် အခြား တိရစ္ဆာန်များ အတွက် ဖုယောင်တိုင်းထွန်းခြင်း အလေ့အထကို အနောက်အတိုင်းမှာ ပြုလုပ် ပါတယ်။ အားလုံးရယ်လို့မဟုတ်ပဲ ပြုလုပ်သူ အရအတွက် တိုးလာနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် တနင်္လာနေ့ကို Pes loss grief day လို့တောင် တင်စားထားပါတယ်။
---
Ref:CNN, Metro, NYTimes
yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map