<div style='background-color: none transparent;'></div>

Home » » ၀မ်းနည်းကြေကွဲရတဲ့ ဘရာဇီးရဲ့ တနင်္ဂနွေည

ဝမ်းနည်းကြေကွဲရတဲ့ ဘရာဇီးရဲ့ တနင်္ဂနွေည


တနင်္ဂနွေနေ့ည ဘရာဇီးနိုင်ငံရဲ့ နိုက်ကလပ်တစ်ခုမှာ မီးလောင်ရာမှ လူ ၂၄၅ ဦး သေဆုံးခဲ့ရပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးရဲ့ Santa Maria မြို့က KISS နိုက်ကလပ်ထဲမှာ နံနက် ၂း၃၀ လောက်မှာ ဂီတတီးဝိုင်းတခုက လွတ်လိုက်တဲ့ မီးတောက်လျှံကနေ စပြီးမီးလောင်ခဲ့တာလို့ သိရပါတယ်။

မီးလောင်တဲ့သတင်းကြောင့် ချီလီနိုင်ငံကိုရောက်နေတဲ့ ဘရာဇီးသမ္မတ Dilma Rousseff က ခရီးစဉ်ဖျက်သိမ်းပြီး ဘရာဇီးကို ပြန်လာခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ပါတယ်။ "မီးလောင်တာက သိပ်မြန်တယ်၊ မည်းနက်နေတဲ့ မီးခိုးတွေ တခန်းလုံးပြည့်လျှံသွားတယ်။ ကျနော်တို့က VIP အခန်းမှာရှိနေလို့ တံခါးပေါက်နဲ့ နီးတာကြောင့် အမြန်ထွက်ပြေးနိုင်ခဲ့တယ်" လို့ ၂၉ နှစ်အရွယ် Santos Silva က ပြောခဲ့ပါတယ်။ မကြာခင် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား နဲ့ ၂၀၁၆ ခုနှစ်မှာ အိုလံပစ်ပွဲ တို့ကို အိမ်ရှင်အဖြစ်ကျင်းပမဲ့ ဘရာဇီးရဲ့ ကယ်ဆယ်ရေးနဲ့လုံခြုံရေး အဆင့်အတန်းကို ပြစ်တင်ဝေဖန်မှုများ ရှိနေတယ်လို့ သိရပါတယ်။

Myanmar 1
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map