<div style='background-color: none transparent;'></div>

Home » » "အများပြည်သူ ၀မ်းသာနိုင်သော ဖုန်းဈေးနူန်းဖြင့် ချပေးမည် ဟု ဆက်သွယ်ရေး ဒု-၀န်ကြီးဆို"

"အများပြည်သူ ၀မ်းသာနိုင်သော ဖုန်းဈေးနူန်းဖြင့် ချပေးမည် ဟု ဆက်သွယ်ရေး ဒု-၀န်ကြီးဆို"

မိုဘိုင်းဖုန်းများကို လက်ရှိဈေးနှုန်းထက် များစွာသက်သာသာ ဈေးနှုန်းများဖြင့်ရောင်းချပေးသွားမည်ဖြစ်
ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဝင်းသန်းကယနေ့ကျင်းပသော အမျိုးသား လွှတ်တော် ဆဌမပုံမှန်အ
စည်းအဝေး (န၀မနေ့)တွင်ဖြေကြားခဲ့သည်။

" အခု ချပေးထားတဲ့ ဈေးနူန်းတွေထက် သက်သာ အောင်ဆောင်ရွက်ပေးသွားဖို့လုပ်နေပါတယ်၊အစီစဉ်တွေ
ပြီးသွားမှပဲ အများပြည်သူဝမ်းမြောက်ဝမ်းသာ ဖြစ်နိုင်တဲ့ ဈေးနူန်းမျိုးနဲ့ ထုတ်ပြန်ကြေညာ ပေးသွားမှာ ဖြစ်ပါတယ်" ဟု ၀န်ကြီး


က ပြောကြားခဲ့ကြောင်း လွှတ်တော်ရှိ သတင်းထောက်မှ သတင်းပေးပို့သည်။

ယင်းကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက
"မိုဘိုင်း ဖုန်းများကို ဈေးလျော့ ချရန် အစီအစဉ် ရှိသည့် အတွက် ကျေးလက်နေ ပြည်သူ များအား အရစ်ကျ ရောင်းချမည့်
အစီအစဉ်ကို ဈေးလျော့ပြီးမှသာ ဆက်လက် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်း၍ သိလိုပါကြောင်း မေးမြန်းခဲ့
ခြင်းဖြစ်သည်။

AH
popular myanmar news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map