<div style='background-color: none transparent;'></div>

Home » » “လတ်တလောဂျီလတ် သီချင်းဂယက် အကြောင်း”

“လတ်တလောဂျီလတ် သီချင်းဂယက် အကြောင်း”

နှစ်ကူးည မိုင်ဒါကွင်းမှာ အိပ်မက်ဆုံရာမှ ရဲသွေးနောင် သီဆိုသွား တဲ့ တေးသံရှင် ဂျီလတ်ရဲ့ ကြိုနေစေချင်တယ် သီချင်းကို ရုပ်သံများမှာ အကြိမ်ကြိမ်လွှင့် ခြင်း၊ တေးရေး တေးဆိုအား အသိမပေးဘဲ သီဆိုမှုများနဲ့ ပတ်သက်၍ ကာယကံရှင် ဂီတပညာရှင် များအနေဖြင့် စိတ်အနှောင့် အယှက်ဖြစ်ရကြောင်းကြား သိရလို့ ဂျီလတ် ကိုမေးကြည့်တော့ “ဘယ်သူ့ကိုမှ ရည်ရွယ်ပြီးပြောတာ မဟုတ်ဘူး။ သီချင်းတွေနဲ့ ပတ်သက်ပြီး ဒီလို မလုပ်ဖို့ပြောချင်တာပါ။ အခု အဆိုပြိုင်ပွဲက ဝါသနာရှင်လေးတွေ လည်း နောက်ပိုင်းမှာ တေးသံရှင်တွေဖြစ်လာမှာပါ။ အဲဒီအခါကျရင် ဒီတေးရေးတွေ တေးဆိုတွေနဲ့ပဲ ဆက်ဆံရမှာ။ ကျွန်တော်တို့က ကိုယ့်ရဲ့ အငယ်တွေကို ဘာမှလိုက်ပြီးပြောနေတာ မဟုတ်ပါဘူး။ အဲဒါကိုလည်း နားလည်စေချင်တယ်။
ကျွန်တော်တို့ ဂီတလောကမှာ ဒီလိုမျိုးတွေ သာ တောက်လျှောက်ဖြစ်လာရင် နောက်ပိုင်းမှာ မလွယ်ဘူး။ ဒါပေမဲ့ အခု ကတော့ အားလုံးအတွက် သေချာပြောတာပါ။ ခုကတည်းက စည်းစနစ် တကျ လုပ်ထားမှ နောက်ပိုင်းမှာ အဆင်ပြေမှာပါ။ ရုပ်သံတွေ ကလည်း အကြိမ်ကြိမ်လွှင့်နေတော့ နောက်ပိုင်းမှာ တချို့ပရိသတ်တွေက ဘယ်သူ့ သီချင်းမှန်းတောင် မသိဖြစ်သွားတာမျိုးတွေ ဖြစ်နိုင်တယ်။ အဆို ပြိုင်ပွဲတွေ မှာ ဆိုတာကတော့ ဆိုပါ။ ဒါပေမဲ့ အဆိုပြိုင် ပွဲတွေမှာ သီဆိုအနိုင်ရတဲ့ သီချင်းကို အပြင်မှာလည်း စင်ပေါ်မှာ ဆိုတဲ့အခါ ဒါကိုပဲ သီဆိုနေတယ်ဆိုရင် အဲဒီသီချင်း ကအပြင်မှာ အဆိုတော်က တကယ် ဆိုနေရတဲ့ သီချင်း လည်းဖြစ်မယ်ဆိုရင် မကောင်းဘူး။ ခွင့်တော့ တောင်းသင့်တယ်။ ကျွန်တော်တို့က သီချင်း တစ်ပုဒ်ကို တေးရေးတွေရော၊ တီးဝိုင်းရော အဆိုတော် ကိုယ်တိုင်ပါ အားလုံး အချိန်ယူပြီး လုပ်ထားရတာ” လို့ ပြောပါတယ်။

ဂျီလတ်က သူတို့ သီချင်းတွေအတွက် တရားဝင်မူပိုင် ခွင့်ထားရန် ရှေ့နေများ နဲ့ တိုင်ပင်စီစဉ်လျက်ရှိပြီး ငွေကြေး အကျိုး အမြတ် ရယူလိုခြင်းကြောင့် မဟုတ်ဘဲ လေးစားမှု ရှိစေရန်သာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရဲရဲ
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map