<div style='background-color: none transparent;'></div>

Home » » Like လုပ်ရုံဖြင့် Acer Iconia B1 Tablet ကံစမ်းနိုင်မည်

Like လုပ်ရုံဖြင့် Acer Iconia B1 Tablet ကံစမ်းနိုင်မည်

နောက်ဆုံးပေါ် ထူးခြားသည့် နည်းပညာများဖြင့် တီထွင်မှုများ ပြုလုပ်နေသော Acer (Taiwan) မှ ဒီဇိုင်းသွင်ပြင်  ထူးခြား ဆန်းသစ်ပြီး ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်မည့် Acer Iconia B1 Tablet ကို မကြာမီ ဖြန့်ချိတော့မည်ဖြစ်ပြီး ၎င်း Tablet ကို ဦးဦးဖျားဖျား အသုံးပြုလိုသူများအတွက် Iconia B1 Tablet ၏ Facebook Fan Page တွင် Like လုပ်ရုံဖြင့် ကံစမ်းနိုင်မည် ဖြစ်ကာ ထိုသို့ Like လုပ်သူများထဲမှ ကံထူးရှင်တစ်ဦးကို Acer Day 2013 (မတ်လ ဒုတိယအပတ် သို့မဟုတ် တတိယပတ်အတွင်း ချီးမြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ Acer မှ ယခုထုတ်လုပ်ပြီး ဖြန့်ချိတော့မည်ဖြစ်သော
Acer Iconia B1 Tablet တွင် ရိုးရှင်း လွယ်ကူစွာ အသုံးပြုနိုင်ရန် စီစဉ် ထုတ်လုပ်ထားပြီး CPU Dual Core 1.2 GHz, 512 MB RAM, eMMC 8G ပါဝင်ကာ HD Movie များကို ကူးနိုင်သည့် HD Webcam ပါဝင်ကြောင်း သိရှိရသည်။ ထို့ပြင် Screen Size 7" ဖြစ်ပြီး မျက်နှာပြင် လေးဘက်လုံးမှ ၇၀ ဒီဂရီ ကြည့်ရှုနိုင်ကာ လျင်မြန်စွာ တို့ထိအသုံးပြုနိုင်သော Touch Screen ဖြစ်ကြောင်း သိရှိရသည်။ Micro SD Slot ပါဝင်ကာ 32 GB အထိ တိုးမြှင့် အသုံးပြုနိုင်သည့်အပြင် Bluetooth 4.0 နှင့် Android Jelly Bean ကိုလည်း အသုံးပြုထားသည်။ အင်တာနက် ချိတ်ဆက်မှု မြန်ဆန်ပြီး မထင်မှတ်သည့် ဈေးနှုန်းဖြင့် အာမခံ အပြည့်အဝ ထားရှိကာ ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
news.yatanarpon.com
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map