<div style='background-color: none transparent;'></div>

Home » » မိုးဟေကိုပြောတဲ့ ဖက်ရှင်

မိုးဟေကိုပြောတဲ့ ဖက်ရှင်

ဇာတ်လမ်းမျိုးစုံနဲ့ပရိသတ်အားပေးမှု ရရှိနေတဲ့ မိုးဟေကိုက ဒါရိုက်တာ ဗန်းကြီး ရိုက်ကူးတဲ့ 'အန္တိမမာန' ဇာတ်ကားကို မောင်နဲ့ အတူ သရုပ်ဆောင်နေပါတယ်။

ဒီဇာတ်ကားမှာ မိုးဟေကိုက ပိုက်ဆံချမ်းသာမောက်မာပြီး မာနကြီးတဲ့ မိန်းကလေး

တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူမပါဝင် သရုပ်ဆောင် ထားတဲ့ 'ပဉ္စလက်အမုန်း' ဇာတ်ကားကို ပရိသတ်တွေ ကြိုက်နှစ်သက်ကြပြီး ပရိသတ်ရဲ့ တုံ့ပြန်စကားသံတွေနဲ့ ဒရာမာ ဇာတ် ကားတွေ ရိုက်ကူးလာတဲ့အပေါ် မိုးဟေကိုက "ပရိသတ်တွေ အတွက်ကို ရသမျိုးစုံ ပေးချင်တယ်။ အဲဒီလိုရသမျိုးစုံပေးချင်တဲ့ အတွက်ကြောင့် ကိုယ့် ဘာသာကိုယ်ချိန်ပြီးမျှ ရွေးရိုက်ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း မိုးကို ဒရာမာဇာတ်နဲ့ ပိုကြိုက်ကြတယ်" လို့ ပြောပါတယ်။

အခုခေတ်မှာ ခေတ်ရဲ့တိုးတက်မှုနဲ့အတူ ဖက်ရှင်ဒီဇိုင်းတွေလည်း ခေတ်စား လာတဲ့အတွက် အနုပညာရှင်တွေရဲ့ဖက်ရှင်ပုံစံတွေကိုလည်း ပရိသတ် စိတ်ဝင်စားကြပါတယ်။ တစ်မျိုးနဲ့တစ်မျိုး မတူတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပရိသတ်တွေအမြဲတမ်း မြင်တွေ့ရတဲ့အနုပညာရှင်တစ်ယောက်ကတော့ မိုး ဟေကိုပဲဖြစ်ပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီး ဘယ်လို လေ့လာဖြစ်လဲ ဆိုတာ မိုးဟေကို ကိုမေးကြည့်တော့..''အဓိကကတော့ သရုပ်ဆောင် တစ်ယောက်မှာ ဇာတ်ပါပဲ။ ကိုယ်သရုပ်ဆောင်ရမယ့် ဇာတ်လမ်းကို အရင် ကြည့်ပါတယ်။ အဝတ်အစားက ဒုတိယအနေ နဲ့စဉ်းစားတာပါ။ ဒါပေမဲ့ မိုးကို ပရိသတ်တွေကသရုပ် ဆောင်နဲ့ဖက်ရှင်ကိုပါ တွဲပြီးမြင်ပေးကြတယ်။
ဖက်ရှင်ဆိုတာ အရေးအကြီးဆုံး ထက်စာရင် သူ့နေရာနဲ့ သူ အသင့်အတင့် ရှိပါတယ်'' လို့ပြောတဲ့ မိုးဟေကိုက ခေတ်က ပွင့်လင်းလာပေမယ့်လည်း ကိုယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တွေကိုပဲ ဝတ်ဖြစ် ကြောင်းပြောပါတယ်။

''ပွင့်လင်းလာပြီဆိုတဲ့အပေါ် မူတည်ပြီးတော့ လိုက်မှပဲဝတ်ပါတယ်။ မလိုက် ဘဲနဲ့ ဝတ်တာတော့ မရှိဘူး။ ကိုယ်ကြိုက်တဲ့ဒီဇိုင်းနဲ့ သင့်တော်တာလေးတွေ ကိုပဲရွေးပြီး ဝတ်ဖြစ်ပါတယ်။ ပွင့်လင်းလာပေမယ့် တအားဟော့ တာမျိုးတွေ မိုးသိပ်မဝတ်ဘူး။ ကိုယ်နဲ့လည်း မလိုက်ဘူးလို့ ထင်တယ်။ အဲဒါကြောင့် ကိုယ်နဲ့လည်းလိုက်ပြီး သူများမျက်စိမှာလည်း ဆန်းပြီး ယဉ်ယဉ်လေး လုံလုံခြုံခြုံဖြစ်နေမယ်ဆိုရင် ကိုယ့်အတွက် သင့်တော်တယ်'' လို့ပြောပါတယ်။

အကယ်ဒမီပေးပွဲနီးလာပြီဖြစ်တဲ့ အတွက် အနုပညာရှင်တွေရဲ့ ပွဲတက် ဖက်ရှင်တွေကို ဘယ်လိုဒီဇိုင်းတွေနဲ့ တက်ဖြစ်မလဲ ဆိုတာ ပရိသတ်တွေ စိတ်ဝင်စားနေကြပြီး မိုးဟေကိုက ဒီနှစ်အကယ်ဒမီပေးပွဲကိုတော့ ဒီဇိုင် နာ ကောင်းမြတ်ချုပ်ပေးတဲ့ ဒီဇိုင်းနဲ့တက်မှာဖြစ်ပြီး အကယ်ဒမီပေးပွဲကို ရန် ကုန်မှာကျင်းပပြုလုပ်တဲ့ အတွက် ပွဲကိုတက် ရောက်ဖြစ်မှာပါလို့ပြောပါတယ်။ အကယ်ဒမီဆုရရှိ မယ့်သူကိုဘယ်သူတွေလို့ ကြားထားလဲ ဆိုတာကို မိုးဟေကိုက..''ဒီနှစ်အကယ်ဒမီဆုကို အမျိုးမျိုးတော့ ကြားနေရတယ်။ မင်းသားထဲမှာဆိုရင် နိုင်းနိုင်းလို့ကြားတယ်။ မင်းသမီးက သက်မွန်လို့ ကြားတယ်''လို့ပြောပါတယ်။

တွယ်တာ
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map