<div style='background-color: none transparent;'></div>

Home » » အသက် ၆၀ နှင့် ၇၀ ကျော် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်

အသက် ၆၀ နှင့် ၇၀ ကျော် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်

ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းမှ သက်ကြီးရွယ်အိုလူနာတချို့အား တွေ့မြင်ရစဉ်
အသက် ၆၀ နှင့် ၇၀ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ  ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။
ယင်းနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ အသက် ၇၀ ကျော် ဘိုးဘွားများအား နိုင်ငံပိုင်ဆေးရုံများတွင် အခမဲ့ဆေးကုသခွင့်နှင့် ဆေးစစ်ဆေးခွင့်အစီအစဉ် ရှိ၊ မရှိနှင့် ပတ်သက်သည့် မေးမြန်းမှုအပေါ် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “အသက်ကြီးလာရင် နာခြင်းဒုက္ခကို မလွဲမသွေ ခံစားကြရပါတယ်။ အထူးသဖြင့် အသက် ၇၀ ကျော် ဘိုးဘွားများအနေနဲ့ အိမ်မှာသားသမီးမရှိရင် ပိုပြီးဆိုးပါတယ်။ ကျွန်မတို့တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအရ ဘိုးဘွားများဆိုတာ အိမ်ရဲ့ကျက်သရေဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ကျက်သရေ ဖြစ်ပါတယ်။ ဘိုးဘွားများဟာ နာခြင်းဒုက္ခကိုခံရလို့ နိုင်ငံပိုင်ဆေးရုံတွေကို သွားရောက်တဲ့အခါမှာ ဆေးရုံက အပေါက်စောင့်၊ သူနာပြုတချို့၊ အသပြာဆရာဝန် စသူတွေက မချေမငံဆက်ဆံမှု၊
တစ်ခါ ငွေကြေးမတန်တဆ တောင်းခံမှုတွေက သူတို့ရဲ့အခြေခံကျန်းမာရေး စောင့်ရှောက်မှုမရတဲ့ အနေအထားမှာ ဖြစ်နေပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမများပေါ်မှာ ကြည့်မယ်ဆိုရင် အသက် ၆၀ ကျော် ၇၀ အရွယ် ဘိုးဘွားတွေက ဆေးဖိုးဝါးခအတွက် မကြာခဏဆိုသလို တောင်းရမ်းစားသောက်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် မေးမြန်းချင်တာကတော့ ရန်ကုန်မြို့မှာ လမ်းတွေ၊ တံတားတွေ အများကြီးဆောက်ပါတယ်။ အဲဒီမှာ ဖြည့်စွက်ခွင့်ပြုငွေတွေလည်း ထပ်တောင်းထားပါတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ ဆင်းရဲချို့တဲ့တဲ့ အခြေခံလူတန်းစားတွေဖြစ်တဲ့ အသက် ၇၀ ကျော် အဘိုးအဘွားတွေကို နိုင်ငံပိုင်ဆေးရုံဆေးခန်းတွေမှာ အခမဲ့ဆေးကုသခွင့်နဲ့ အခမဲ့ဆေးစစ်ဆေးခွင့်တွေ ပေးနေပါသလား သိချင်ပါတယ်။ ရှိတယ်ဆိုရင်လည်း မည်သည့်အတိုင်းအတာထိ ရှိသလဲဆိုတာကို သိရှိချင်ပါတယ်” ဟု မေးမြန်းခဲ့သည်။

“ကျန်ရှိတဲ့ ကုတင် ၂၀၀ အောက်ဆေးရုံ၊မြို့နယ်အဆင့် တိုက်နယ်အဆင့် ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနအဆင့်အထိ နိုင်ငံတော်မှ ကျန်းမာရေးအတွက် ချပေးသော ဘတ်ဂျက်ငွေကို ကျန်းမာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အခမဲ့ ကူညီထောက်ပံ့ပေးသွားမှာဖြစ်လို့ မြို့ပြသာမက ကျေးလက်အထိပါ ငွေကြေးမတတ်နိုင်သော အသက် ၇၀ ကျော် ဘိုးဘွားတွေအပြင် အသက် ၆၀ ကျော် ဘိုးဘွားတွေပါ နိုင်ငံပိုင်ဆေးရုံတွေမှာ အခမဲ့ ဆေးကုသခွင့်   . . . . .


ယင်းမေးမြန်းချက်အပေါ်တွင် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက “ နိုင်ငံတော်ရဲ့ ဆင်းရဲချမ်းသာ၊ ဘာသာလူမျိုးမရွေး ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစေဖို့အတွက် နိုင်ငံတော်၏ စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေမှုရှိတဲ့ ကျန်းမာရေး ဘဏ္ဍာငွေ ကူညီမှုတစ်ရပ်အဖြစ် ဆေးရုံများမှာ ဆေးပဒေသာပင်နဲ့ စရိတ်မျှပေးကျန်းမာရေးစနစ်ကို ပြုလုပ်နေပါတယ်။ ကျန်းမာရေးဦးစီးဌာနအနေနဲ့ တိုးပွားလာသော သက်ကြီးရွယ်အိုများအတွက် အစီအမံများ ချမှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစီမံချက်ဝင် မြို့နယ် ၈၈ ခုရှိပြီး မြို့နယ်အဆင့် ဆေးရုံ၊ တိုက်နယ်ကျန်းမာရေးအဆင့်၊ ကျေးလက်ကျန်းမာရေးအဆင့်အထိ သက်ကြီးရွယ်အို ဆေးခန်းများ ဖွင့်လှစ်ကုသပေးလျက် ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သန်လျင်၊ သုံးခွ၊ ခရမ်း၊ ဒေါပုံ၊ လှိုင်သာယာ၊ တွံတေး စတဲ့မြို့နယ်များမှာ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု စီမံချက် လုပ်နေပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ်၊ မတ်လအထိ ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်ဆေးရုံများအတွက်  ဆေးဝယ်ယူရန် ကုတင်အဆင့်အလိုက် ခွင့်ပြုငွေကျပ် သိန်းပေါင်း ၄၀၀ မှ ၁၅၀၀ အထိ ခွဲဝေချထားပေးကြောင်း သိရသည်။
“ကျန်ရှိတဲ့ကုတင် ၂၀၀ အောက် ဆေးရုံ၊ မြို့နယ်အဆင့် တိုက်နယ်အဆင့် ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနအဆင့်အထိ နိုင်ငံတော်မှ ကျန်းမာရေးအတွက် ချပေးသော ဘတ်ဂျက်ငွေကို ကျန်းမာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အခမဲ့ ကူညီထောက်ပံ့ပေးသွားမှာဖြစ်လို့ မြို့ပြသာမက ကျေးလက်အထိပါ ငွေကြေးမတတ်နိုင်သော အသက် ၇၀ ကျော် ဘိုးဘွားတွေအပြင် အသက် ၆၀ ကျော် ဘိုးဘွားတွေပါ နိုင်ငံပိုင်ဆေးရုံတွေမှာ အခမဲ့ ဆေးကုသခွင့်နှင့် ကျန်မာရေးစစ်ဆေးခွင့်များ ရရှိတော့မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမြင့်သိန်းက ဆိုပါသည်။
အင်းစိန်ဆေးရုံကြီးတွင်လည်း သက်ကြီးရွယ်အို ဆေးခန်းဖွင့်လှစ်ထားရှိကာ အသက် ၆၀ နှင့်အထက် ဘိုးဘွားများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးနေပြီး ကျန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးများတွင်လည်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပတ်သက်၍ ဆေးခန်းများ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံနှင့် တိုင်းဒေသကြီးအဆင့် မြို့နယ်၊ ခရိုင်တိုက်နယ်အဆင့် ဆေးရုံ ၅၇ ရုံတို့မှာ ၂၀၁၁ ခုနှစ်အတွင်း ဆေးပဒေသာပင်ဝင် ၂၁၈၉၄ သိန်းကျော်ရှိပြီး ရရှိသော အတိုးငွေဖြင့် လူနာပေါင်း ၂၁၉၄၁ ဦးကို ကျပ်တန်ဖိုး ၂၂၁၀ သိန်းကျော်ဖိုးခန့် အခမဲ့ ဆေးကုသပေးနိုင်ခဲ့ကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးအသုံးစရိတ်ငွေကို လေးဆတိုးမြှင့် ပေးထားကြောင်း ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။
eleven media
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map