<div style='background-color: none transparent;'></div>

Home » »  လက်ပံတောင်းတောင် သပိတ်စခန်းများအတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့် သံဃာတော်များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တာဝန်ယူဆောင်ရွက်မည်

 လက်ပံတောင်းတောင် သပိတ်စခန်းများအတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့် သံဃာတော်များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တာဝန်ယူဆောင်ရွက်မည်

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပထမဆုံးအစည်းအဝေးကို တွေ့ရစဉ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့် သံဃာတော်များနှင့် ပတ်သက်သည့်ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်  တိုင်တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၄ ရက်နေ့တွင် နေပြည်တော်လွှတ်တော်ဝင်း I-12 ၌ ပြုလုပ်ခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ၁/၂၀၁၂ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
လက်ပံတောင်းတောင်တွင် ဖြစ်ပွားခဲ့သော ကိစ္စများသည် ပွင့်လင်းမြင်သာမှု အားနည်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ အဆိုပါကိစ္စကို ကိုင်တွယ် ဖြေရှင်းရာတွင် ပြည်သူလူထု၏ ပူး ပေါင်းဆောင်ရွက်မှုနှင့် ဥပဒေစိုးမိုးမှု ရှိမှသာလျင် နိုင်ငံတော်၏အကျိုးနှင့် လျော်ညီသည့် အဖြေရရှိနိုင်မည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေးကိစ္စကို အမြန်ဆုံး စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ကျန်အဖွဲ့ဝင်များအနေဖြင့် (က)ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာပြဋ္ဌာန်းချက်များ ဆောင်ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျ ဆောင်ရွက်နေခြင်း ရှိ၊ မရှိ (ခ) ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့်ဆိုးကျိုးများ (ဂ)ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုးရှိ၊ မရှိ အဖွဲ့သုံးဖွဲ့ဖွဲ့စည်းပြီး တစ်ပြိုင်နက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် ကော်မရှင်အား တာဝန်ပေးသည့် အခြားကိစ္စရပ်များကိုလည်း လိုအပ်သလို အမြန်ဆုံးစစ်ဆေး စုံစမ်းသွားမည်ဖြစ်ပြီး အခါအားလျော်စွာ သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့်နှင့် ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေအမှန် ဖော်ထုတ်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစု ကြည် ဥက္ကဋ္ဌ အဖြစ်ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကော်မရှင်ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
ကော်မရှင်အနေဖြင့် ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျဆောင်ရွက်ခြင်း ရှိ၊ မရှိ ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုးရှိ၊ မရှိ  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံ ပြုချက်များ၊ ၎င်းစီမံကိန်းနှင့် ဆက်နွှယ်၍ စိစစ်ရန်လိုသည်ဟု ကော်မ ရှင်က ယူဆသော အကြောင်းအရာများ၊ ကော်မရှင်၏ အထွေထွေသုံးသပ်ချက်နှင့် အကြံပြုချက်များကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
eleven media
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map