<div style='background-color: none transparent;'></div>

Home » » လူငယ်ဘောလုံးသမားများ တိုက်ခိုက်မှုကြောင့် စည်းကြပ်ဒိုင် သေဆုံး

လူငယ်ဘောလုံးသမားများ တိုက်ခိုက်မှုကြောင့် စည်းကြပ်ဒိုင် သေဆုံး

ဒတ်ခ်ျနိုင်ငံမှ ဘောလုံးစည်းကြပ်ဒိုင်တစ်ဦးမှာ ဆယ်ကျော်သက်
ဘောလုံးကစားသမား ၃ ဦး၏ အကြမ်းဖက် ထိုးကြိတ်တိုက်ခိုက်မှု
ကြောင့် သေဆုံးသွားသည်။ အသက် ၄၁ အရွယ် ရစ်ချတ်သည် ၎င်း၏သားဖြစ်သူ ပါဝင်ကစားနေသော ဘောလုံးပွဲစဉ်တွင် စည်းကြပ်ဒိုင် အဖြစ် ဆောင်ရွက်စဉ် လူငယ်ဘောလုံးသမား ၃ ဦး၏ ထိုးကြိတ် တိုက်ခိုက် ခံရမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ရာ ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ရသည်။ သို့သော် ရစ်ချတ်မှာ ရရှိသည့်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ရသည်။
ရတ်ချတ်၏သားဖြစ်သူ ကစားနေသော အယ်လ်မီရီ ဘိုင်တန်ဘွိုင်းကလပ်က ရတ်ချတ်သေဆုံးမှုကို မိသားစုနှင့် ထပ်တူထပ်မျှကြေကွဲရပါကြောင်း တွစ်တာမှတဆင့် ကြေညာသွားခဲ့သည်။ အသက် ၁၆နှစ် အရွယ် ကလေးတွေကစားတဲ့ဘောလုံးပွဲတွင် ယခုကဲ့သို့ဖြစ်ပွားရခြင်းမှာ ယုံနိုင်စရာမရှိကြောင်းနှင့် ရတ်ချတ်သေ ဆုံးရခြင်းသည် အယ်လ်မီရီနဲ့ မိမိတို့အတွက်တော့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးတစ်ခုဟု ခံစားရကြောင်း ဘိုင်တန်ဘွိုင်းကလပ်၏ ဥက္ကဋ္ဌဖြစ်သူ မာဆယ်အော့က နိုင်ငံပိုင်အသံလွှင့်ဌာန NOS သို့ ပြောကြားခဲ့သည်။
ပြစ်မှုကျူးလွန်ခဲ့သော ကစားသမားသုံးဦးအား အသင်းမှ ထုတ်ပယ်ခဲ့ပြီး ရစ်ချတ် စည်းကြပ်ဒိုင် အဖြစ် ဆောင်ရွက်သည့် အပျော်တမ်းအဆင့်ဘောလုံးပြိုင်ပွဲ၏ စနေ၊ တနင်္ဂနွေပွဲစဉ်အားလုံးကိုလည်း ဖျက်သိမ်းလိုက်သည်။

ထို့အပြင် ဒတ်ခ်ျ ပြည်တွင်းလိဂ်ပွဲစဉ်များတွင်လည်း ဘောလုံးပွဲမစတင်မီ တစ်မိနစ်ငြိမ်သက်ကာ ရစ်ချတ်အတွက် ဝမ်းနည်းခြင်း အထိးမ်အမှတ်ပြုလုပ်မည်ဖြစ်သည်။ ယင်းဖြစ်ရပ်အတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာဥက္ကဋ္ဌ ဆပ် ဘလတ္တာ မှ ဒတ်ခ်ျဘောလုံးအဖွဲ့ချုပ် KNVB သို့ ၀မ်းနည်းကြောင်း သ၀ဏ် လွှာပေး ပို့ခဲသည်။
ထိုသ၀ဏ်လွှာတွင် ဘောလုံးအားကစားသည် လူ့အဖွဲ့အစည်း၏ကြေးမုံတစ်ချပ်ဖြစ်ပြီး ယခုကဲ့သို့ အကြမ်း ဖက်မှုများဖြစ်ပွားနေခြင်းကိုလည်း ၀မ်းနည်းမိကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိအနေဖြင့်
မစ္စတာ နျူဝမ်ဟိုင်ဇန်ကဲ့သို့ ခံစားရသောအဖြစ်ပျက်များက လူထုကို အမှားများကျူးလွန်ခြင်းမှ ကင်းဝေးစေရန်အတွက် ပညာပေးသော ဥပမာကောင်းတစ်ခုအဖြစ် မြင်မိပါကြောင်း ထည့်သွင်းဖော်ပြသွား
ခဲ့သည်။ ပြစ်မှုကျူးလွန်ခဲ့သော ကစားသမားများအား ရဲစခန်းမှ ထိန်းသိမ်းထားပြီး ဖြစ်စဉ်အသေးစိတ်ကို ဒတ်နိုင်ငံဘောလုံးအဖွဲ့ချုပ် KNVBမှတာဝန်ရှိသူများနှင့် ရဲအရာရှိများမှ ဆက်လက် စုံစမ်းလျက်ရှိသည်။

Planet Myanmar Network
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map