<div style='background-color: none transparent;'></div>

Home » » ဂျက်ကီချန်းရဲ့ နောက်ဆုံးဇာတ်ကား Chinese Zodiac ကို တရုတ်ပြည်မှာ ဒီဇင်ဘာလ ၁၂ ရက် ရုံတင်ပြီ

ဂျက်ကီချန်းရဲ့ နောက်ဆုံးဇာတ်ကား Chinese Zodiac ကို တရုတ်ပြည်မှာ ဒီဇင်ဘာလ ၁၂ ရက် ရုံတင်ပြီ

လက်ရှိ တရုတ် ပြည်မကြီးက ဂျက်ကီချန်းကို လူမှု ထူးချွန်ဆု ချီး မြှင့်ထားပြီး နိုဝင်ဘာလ ၁၉ရက် ဘေ ကျင်းမြို့က သူ့ရဲ့ကားလေလံပွဲတစ်ခု မှာပြုလုပ်ခဲ့တဲ့ သူ့ရဲ့ဈေးကြီး Benttey ၆၆၆ ဇိမ်ခံ ဆလွန်း တစ်စီးကို တရုတ် ယွမ် ၆ သန်း လေလံ ရရှိခဲ့တဲ့ပွဲမှာ ဂျက်ကီချန်းက“ဒီလေလံပွဲမှာ ရတဲ့ငွေ ဟာ ပရဟိတ လုပ်ငန်းမှာ အလှူလုပ်ဖို့ အတွက်ပြုလုပ်တဲ့ပွဲဖြစ်ပြီး အလှူ အတန်းအတွက် အသုံးပြုမှာဖြစ်ပါတယ်။

ကျန်ရှိတဲ့ ဘဝ သက်တမ်းမှာ စိတ်ဓာတ် မြှင့်တင်ရေး လုပ်ငန်းတွေ မှာပဲ အား စိုက်သွားပါမယ်။ ပရဟိတလုပ်ငန်း၊ ဘဝနေထိုင်ရေးစိတ်ဓာတ်မြင့်ရန် အား ပေးတဲ့ စံပြပုဂ္ဂိုလ် တစ်ဦး အနေနဲ့ ဆက်လက် နေထိုင်သွားမှာပါ” လို့ ဆိုပါ တယ်။ 
Chinese Zodiac  အမည်ရ တရုတ်အက်ရှင်ရုပ်ရှင်ဇာတ်ကားကြီး ဟာ ဟောင်ကောင်မင်းသား ဂျက်ကီ ချန်းအတွက် နောက်ဆုံးနဲ့အကြီးဆုံး အက်ရှင်ကားဖြစ်သလို ဒီဇာတ်ကားနဲ့ ပတ်သက်လို့ “အနုပညာလောက အနားမယူပါဘူး။ဒါပေမယ့် ဒီလိုအက် ရှင်ဇာတ်ကားတွေမှာ အဓိကအဖြစ်ပါ ဝင်သရုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒီဇာတ်ကားကိုကျွန်တော်ရိုက်ဖို့ လွန် ခဲ့တဲ့ ၁၀ နှစ်ကတည်းက စိတ်ကူးယဉ် ခဲ့တာပါ။

ဒီအတွက်ဇာတ်ညွှန်းကို ၆ နှစ်ကြာ အချိန်ယူပြီးရေးပါတယ်။ ဇာတ်ကားရိုက်တော့ ၁ နှစ်ကြာခဲ့ပါ တယ်။ ကျွန်တော်ပါဝင်တဲ့အက်ရှင် ကားတွေမှာ ဒီတစ်ကားကတော့ အကောင်းဆုံး အကြီးကျယ်ဆုံးဖြစ်မှာ ပါ။ ဇာတ်ညွှန်းဒါရိုက်တာ၊ မင်းသား၊ ပရိုဂျူဆာအားလုံး ကျွန်တော်ပဲဆိုတော့ ဒီထက်ပြည့်စုံတာ ဘာများရှိတော့မှာ လဲ။ ခုဆို ကျွန်တော် ၅၈ နှစ်ရှိပြီလေ။
အမှန်အတိုင်းပြောရရင် အိုနေပါပြီ။ ကျန်ရှိတဲ့ဘဝသက်တမ်းကိုတော့ ဘီး တပ်ခုံမှာ မထိုင်ချင်တော့ဘူး။ ဒါ ကြောင့် အက်ရှင်ဇာတ်ကားရိုက်ကူးမှု က မရှိသလောက် ပါးသွားရင် ပါးသွား မယ်။ လုံးဝရပ်တော့မယ်လို့ ကျွန် တော်မဆိုပါဘူး။ တတ်နိုင်သေးတဲ့ အရွယ်အထိအနုပညာလောကမှာဆက် လက်ရှင်သန်နေဦးမှာပါ”လို့ဆိုပါတယ်။ သူ့ရဲ့Chinese Zodiac ရုပ်ရှင်ကတော့ တရုတ် Opium စစ်ပွဲအတွင်းဆုံးရှုံး သွားတဲ့ ရှေးဟောင်းအမွေအနှစ်ကိုပြန် ရှာတဲ့အက်ရှင်ကားဖြစ်ပါတယ်။
ဗြိတိန် အင်ပါဟာ၊ ပြင်သစ်၊ အမေရိကန်တို့ တရုတ်ကို ကျူးကျော်စဉ်ကာလယူသွား တဲ့ ရှေးဟောင်းအမွေအနှစ်ကို ပြန် လည်ရရယူတဲ့ ကွန်ဖူး အက်ရှင်ကား ဖြစ်ပါတယ်။
တရုတ် Zodiac လို့ခေါ် တဲ့ နှစ်အလိုက် တရုတ်ရိုးရာပြက္ခဒိန်မှ တိရစ္ဆာန်ခေါင်း ၁၂ ခေါင်းကို ဗြိတိ သျှတို့သယ်ဆောင်သွားခြင်းဖြစ်ပြီး ဂျက်ကီချန်း က ပြန်လည် အရယူတဲ့ အက်ရှင်ကားဖြစ်ပါတယ်။
Chinese Zodiac အမည်ရ ရုပ်ရှင်ကို ၁၂-၁၂- ၂၀၁၂ မှာ တရုတ်ပြည်တွင် ရုံတင် မှာဖြစ်ပြီး အရောင်းမြှင့်တင်ဖို့ ဒီဇင် ဘာလ ၁၈ ရက်နေ့မှာ စင်ကာပူနိုင်ငံ ကိုသွားရောက်မှာဖြစ်ပါတယ်။
yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map