<div style='background-color: none transparent;'></div>

Home » » ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့တွင်ကားအောက်တွင် အိပ်ပျော်နေသော ကလေးငယ် ကားနောက်ဆုတ်စဉ် ကြိတ်မိ သေဆုံး

ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့တွင်ကားအောက်တွင် အိပ်ပျော်နေသော ကလေးငယ် ကားနောက်ဆုတ်စဉ် ကြိတ်မိ သေဆုံး

ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့အနောက် မအူတုံးကျေးရွာ မြောက်
ဘက်  ကြံတောင်သူ ဦးတင်အုန်း၄၉ နှစ် (ဘ) ဦးထွန်းတင်၏ ကြံစိုက် ခင်းတွင် ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီခွဲက ကြံကားနောက် ဆုတ်စဉ် ခြောက်နှစ်သားအရွယ် ကလေးငယ် ကားကြိတ် မိကာ သေ ဆုံး ခဲ့သည်။

ယာဉ်မောင်း ဦးထိန်ဝင်း ၄၂  နှစ် (ဘ) ဦးခင်လှိုင် (၉)ရပ်ကွက် ရေတာရှည် မြို့နယ် နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် ဆ/....  တီအီး-၁၁ အဝါရောင် ခြောက်ဘီး ကားသည်
ကြံများတင်ဆောင်၍ ကြံစိုက်ခင်း အတွင်းမှ ပြန်ထွက်ရန် နောက်ဆုတ်စဉ် ကားအောက်ဝင်၍ အိပ်ပျော်နေသော မအူတုံး ကျေးရွာနေ မောင်သန့်ဇင်ဖြိုး (၆) နှစ် (ဘ) ဦးအောင်မြင့်စိန်အား ကား၏ ဝဲဘက်နောက်ဘီးဖြင့် ကြိတ်မိခဲ့သည်။

ကားကြိတ်မိမှုကြောင့် ၎င်းကလေးငယ် သည် ဦးခေါင်း ကြေမွပြီး အခင်းဖြစ် နေရာ၌ ပင် သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရေတာရှည် ရဲစခန်းမှ (ပ)၃၁၂/၂ဝ၁၂ ပြစ်မှု ဆိုင်ရာ  ဥပဒေ ပုဒ်မ ၃ဝ၄-ကအရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။

မြဝတီ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map