<div style='background-color: none transparent;'></div>

Home » » စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အငှားဗိုက်နဲ့  ကြေညာချက်ထုတ်ပြန်

စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အငှားဗိုက်နဲ့  ကြေညာချက်ထုတ်ပြန်

မနေ့ က ထုတ်ပြန်တဲ့  စုံစမ်းစစ်ဆေးရေးကော်မရှင်က ( ၂/၂၀၁၂ ) ကြေ
ညာချက်ဟာဆန္ဒစောပြီး ထုတ်ပြန်တာများလား ဒါမှမဟုတ် ပြည်သူတွေ

ကို အပိုင်ကိုင်ပြီးလုပ်ချင်တာလား မပြောတတ်တော့ ။

ထုတ်ပြန်ကြေညာချက်မှာ မှားယွင်းစွာထုတ်ပြန်ထားကြောင်း တွေ့ ရှိရသည် ။
နံပါတ်စဉ် ( ၁ ) မှာ ၂၀၁၂-ခုနှစ်နိုဝင်ဘာလ-၂၉-ရက်နေ့ တွင်
(  မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ မီးခိုးဗုံးများ)အသုံးပြုပြီး လူစုခွဲရာ၌
သင်္ဃာတော်အချို့ နှင့် လူပုဂိုလ်အချို့ တို့ ကိုမီးလောင်ဒဏ်ရာ
ရရှိခဲ့ ပါသည် ။

 နံပါတ်စဉ် ( ၂ ) မှာ ကော်မရှင်အနေဖြင့်မန္တလေးမြို့ ရှိပြည်သူ့ 
ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံများသို့ သွားရောက်ကြည့်ရှု
ခဲ့ ပြီး ဆေးကုသမှုများအား စစ်ဆေးခဲ့ ပါသည် ဟုကြေညာ
ချက်ထုတ်ပြန်ထားပါသည် ။

  ထို့ ကြောင့် စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ( မြန်မာနိုင်ငံရဲတပ်ဖွဲ့ 
မှ မီးခိုးဗုံးများ ) ဟု သုံးစွဲခြင်းကို ဖေါ်ပြကြေညာချက်ထုတ်ပြန်ထားရာ
ယခုဖြစ်စဉ်၌ မီးခိုးဗုံးလား သို့ မဟုတ်  မီးလောင်ဗုံးလား ဆိုသည်ကို
စုံစမ်းစစ်ဆေးခြင်း မရှိသေး၍ ၄င်းကဲ့ သို့ ဖေါ်ပြကြေညာချက်
ထုတ်ပြန်ခြင်းသည် ဤပြသနာကို ရှုပ်ထွေးသွားစေနိုင်ပါသည် ။

ဤသို့ ထုတ်ပြန်ကြေညာခြင်းကို မပြုလုပ်သင့်ဟု ထင်မြင်ပါသည် ။
သို့ အတူနံပါတ်စဉ် ( ၂ ) ၏ ကြေညာချက်မှာလည်း မီးလောင်
ဒဏ်ရာရ လူနာများအားဆေးရုံများသို့  သွားရောက်စစ်ဆေးခဲ့ ခြင်း
သာဖြစ်ပြီး  ဤဖြစ်စဉ်၌ မည်ကဲ့သို့ ဖြစ်ပွါးခဲ့ ကြောင်း စုံစမ်း
စစ်ဆေးခဲ့ ကြောင်းကြေညာချက်ထုတ်ပြန်ခြင်း မဟုတ် ။


     အကယ်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် သတင်းများကို
ထုတ်ပြန်ရန်လိုအပ်ပြီဆိုပါက မိမိတို့ စုံစမ်းစစ်ဆေးရးကော်မရှင်မှ
မည်သည့်ရဟန်းသင်္ဃာများ ၊ မည်သည့်လူအချို့ များ ၊ မည်သည့်အဖွဲ့ 
အစည်းများ ၊မည်သည့်နယ်မြေဒေသခံများ သွားရောက်စုံစမ်းပြီး
ပြီဖြစ်ကြောင်းစုံစမ်းထားရသမျှသော အခြေအနေများကို ထုတ်ပြန်ပေး
ရန်သာသင့်သည် ။
 
သို့ မဟုတ်မထုတ်ပြန်ရန်လည်း လိုအပ်ပါက မထုတ်ပြန်သင့် ။

   စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ မီးလောင်ဗုံးဟုတ်မဟုတ် မီးခိုးဗုံး
ဟုတ်မဟုတ် စုံစမ်းစစ်ဆေးပြီးပြီ ဆိုလျှင် ယခုလို သတင်းထုတ်ပြန်
မည်ဆိုပါကမည်သည့်ဗုံးဖြစ်ကြောင်း ထုတ်ပြန်သင့်ပါသည် ။ 
 
ကျန်သည့် နံပါတ်စဉ် ( ၃ )နှင့် ( ၄ ) မှာ နိုင်ငံတော်မှ ဆရာတော်
ဦးတိက္ခညာဏအား ထိုင်းနိုင်ငံသို့ ဆေးကုသရန် ပို့ ဆောင်ပေး
ထားကြောင်းနှင့် အကူအညီများလိုအပ်ပါကစုံစမ်းစစ်ဆေးရေးကော်
မရှင်သို့  တောင်းခံနိုင်ပါကြောင်း ကြေညာချက်မှာဘာမျှမလိုအပ်ဟု 
ထင်ပါသည် ။
 
 အကြောင်းမှာ ၄င်းကြေညာချက်မှာနိုင်ငံတော်အစိုးရကသာ ထုတ်ပြန်
သင့်သော ကြေညာချက်သာဖြစ်ပြီးစုံစမ်းစစ်ဆေးရေးကော်မရှင် 
အဖွဲ့ နှင့် မည်သို့ မျှ မပါတ်သက်ပါကြောင်းပြောချင်ပါသည် ။
 
သို့ ဖြစ်ပါ၍ ဤကြေညာချက်သည် နိုင်ငံတော်ကသာ ထုတ်ပြန်
မည်ဆိုပါကလက်ခံနိုင်မည်ဖြစ်သော်လည်း စုံစမ်းစစ်ဆေးရေးကော်
မရှင် အဖွဲ့ မှထုတ်ပြန်ခြင်းမှာ မည်သို့ မျှ မသက်ဆိုင်ကြောင်း
 မေတ္တာထား၍အသိပေးလိုက်ရပါကြောင်း ၊
 
 အဘယ့်ကြောင့်ဆိုသော်စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်း
စစ်ဆေးခြင်းများကိုသာ ပြည်သူသို့အသိပေးလိုလျှင် ပေးသင့်
ပါကြောင်း နှင့် မိမိတို့  ဘာမျှ မစုံစမ်းဘဲနိုင်ငံတော်မှ ကြေညာ
ရမည့် အချက်ကို အငှားဗိုက်လုပ်ကာ မပြုလုပ်သင့်ကြောင်း
တင်ပြလိုက်ရပါသည် ။

အောင်သာနီ
ရွှေမြန်မာမီဒီယာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map