<div style='background-color: none transparent;'></div>

Home » » လှိုင်မြို့နယ် (၇)ရပ်ကွက် အတွင်းအရွယ် မရောက် သေးသည့် မိန်းကလေးကို အဓ္ဓမ ပြုရန် ကြံစည် သူ

လှိုင်မြို့နယ် (၇)ရပ်ကွက် အတွင်းအရွယ် မရောက် သေးသည့် မိန်းကလေးကို အဓ္ဓမ ပြုရန် ကြံစည် သူ

လှိုင်မြို့နယ် (၇)ရပ်ကွက် အတွင်း ဖွင့်လှစ် ထားသည့် ပေါ်ပြူလာ ဖန်စီ စတိုး ဆိုင် မှ အသက် (၁၄)နှစ် အရွယ် အလုပ်သမ မိန်းကလေး ငယ်ကို အဓ္ဓ မ ပြုရန် ကြံစည်သည့် အိမ်ရှင် အမျိုးသား ကို အမြန်ဆုံး တရား စွဲဆို သွားမည် ဖြစ်ကြောင်း ယင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ချစ်လွင် က ပြောကြား သည်။

အထက်ပါ အဓ္ဓမ ပြုရန် ကြံစည် သူမှာ ဦးဝင်းနိုင် ဖြစ်ပြီး လှိုင်မြို့နယ် ရဲစခန်း တွင် (ပ) ၆၁၂/၂၀၁၂ ပုဒ်မ ၄၄၇၊ ၃၅၄၊ ၅၀၆၊ ၅၀၉ တို့ဖြင့် ဒီဇင်ဘာလ (၆)ရက် နေ့က အမှုဖွင့် ထားကြောင်း ဒုရဲအုပ် ချစ်လွင် က ပြောကြား သည်။ လက်ရှိ အချိန်တွင် အမှုဖွင့် ထားသူကို လှိုင်မြို့နယ် ရဲစခန်းမှ ဖမ်းဆီး ထားခြင်း မရှိဘဲ အာမခံ ဖြင့် လွှတ်ထား ပေးကြောင်း ယင်းရပ်ကွက် အတွင်း နေထိုင်သူ တို့က တူညီစွာ ပြောဆိုသည်။ ထိုသို့ အဓ္ဓမ ပြုရန် ကြံသူကို အာမခံ ပေးထားခြင်း မှာ မိန်းကလေးငယ် အတွက် အသက် အန္တရာယ် နှင့် သော်လည်းကောင်း၊ ခိုးယူခြင်း ကဲ့သို့သော ဖြစ်ရပ် မျိုးနှင့်သော် လည်းကောင်း ကြုံတွေ့ နိုင်ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့၏ လှိုင်မြို့နယ် ကလေးသူငယ် စောင့်ရှောက်ရေး ကော်မတီမှ ညှိနှိုင်း ဆောင်ရွက်ရေးမှူး က ပြောကြားသည်။


ယင်း ကိစ္စနှင့် ပတ်သက်၍ ဒုရဲအုပ် ချစ်လွင်က “အဓ္ဓမ ပြုရန် ကြံတယ် ဆိုပြီး လာတိုင်တဲ့ အချိန် တုန်းက သူတို့ ဖွင့်ခဲ့တဲ့ အမှုက အာမခံ ပေးလို့ ရတဲ့ အနေအထား မို့ အာမခံ ပေးခဲ့ ရတာပါ” ဟု ဆိုသည်။ အိမ်ရှင် ဖြစ်သူ ဦးဝင်းနိုင်သည် ဆိုင်တွင် အမျိုးသမီးငယ် နှင့် နှစ်ဦးတည်း ရှိသည့် အချိန်များ တွင် ဖက်နမ်းခြင်း၊ ပွေ့ဖက်ခြင်း များကို ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက စတင် ပြုလုပ် ခဲ့ပြီး မိခင်အား တိုင်တန်းခြင်း (သို့မဟုတ်) ရဲအား တိုင်ခြင်းများ ပြုလုပ်ပါက သတ်ပစ်မည် ဟု ခြိမ်းခြောက် ခဲ့ကြောင်း အသက် (၁၄)နှစ် အရွယ် မချစ်ငြိမ်းသွယ် က ၎င်း ကြုံတွေ့ ခဲ့ရမှု များကို ပြောပြ သည်။ အဆိုပါ ချစ်ငြိမ်းသွယ်တို့ သားအမိမှာ ဦးဝင်းနိုင် အား အကြွေးများ ပေးဆပ်ရန် ရှိကြောင်း ရပ်ကွက် အတွင်း နေထိုင်သူ များ ထံမှ သိရသည်။

the voice weekly
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map