<div style='background-color: none transparent;'></div>

Home » » ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့တွင်၎ နှစ်သားကလေးငယ်အား တောဆင်ရိုင်းက နင်းသတ်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့တွင်၎ နှစ်သားကလေးငယ်အား တောဆင်ရိုင်းက နင်းသတ်

၃-၁၂- ၂၀၁၂ ရက်နေ့ ၀၇း၅၀အချိန် ရန်ကုန်တိုင်းဒေသကြီး၊
 တိုက်ကြီးမြို့၊ ဖလုံဘူတာကျေးရွာအုပ်စု၊ ရွှေမြိုင်သာယာကျေးရွာ
 
တွင် ကလေးငယ်တစ်ဦး ဆင်နင်းခံရပြီးသေဆုံးသွားကြောင်း သတင်းအရ
 တိုက်ကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ၂-၁၂-၂၀၁၂ 
ရက်နေ့ ၂း၂၀၀ အချိန် မောင်ပိုးချစ် 
(၄)နှစ်သည် မိဘများဖြစ်သည့် ဦးမြင့်ကျော်ဦး၊ ဒေါ်နီလာဝင်းတို့နှင့်အတူ
အိပ်ပျော်နေစဉ် တောဆင်ရိုင်းတစ်ကောင် ၀င်လာသဖြင့် 
ထွက်ပြေးခဲ့ကြသည်။
 ထွက်ပြေးစဉ် နေအိမ်နှင့် ၁၀ ပေခန့်အကွာ၌ မောင်ပိုးချစ်မှာ ဆင်နင်း ခံရပြီး ဦးခေါင်းကြေမွဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရသဖြင့် ၁၁၀၀ အချိန် 
တိုက်ကြီးရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၄/၂၀၁၂)ဖြင့် အမှုဖွင့်စစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိသည်။

News Of  Myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map