<div style='background-color: none transparent;'></div>

Home » » ခင်ပွန်း ဖြစ်သူသက်နိုင် အောင်ဇေယျနဲ့ အတူ သြစတြေးလျက ပြန် လည်ရောက်လာတဲ့ သဇင်

ခင်ပွန်း ဖြစ်သူသက်နိုင် အောင်ဇေယျနဲ့ အတူ သြစတြေးလျက ပြန် လည်ရောက်လာတဲ့ သဇင်

သြစတြေးလျ ပါ့ခ်မြို့ကို ခင်ပွန်း ဖြစ်သူ သက်နိုင် အောင်ဇေယျနဲ့ အတူ လိုက်သွားတဲ့ သဇင်က မြန်မာနိုင်ငံကို ခေတ္တ ခဏ ပြန်လည်ရောက်ရှိ လာခဲ့ ပြီး နိုဝင်ဘာ ၂၇ ရက်နေ့ က ကျင်းပတဲ့ Miss Red Ribbon 2012 Beauty Contest ပြိုင်ပွဲကိုလာရောက် ကြည့်ရှု အားပေး ခဲ့ပါတယ်။ ဒီမှာရှိတဲ့ အချိန်မှာတော့ အနုပညာအလုပ်တွေ ကို အဆင်ပြေသလို လုပ်သွားမယ်လို့ သဇင်ကပြောပါတယ်။

သြစတြေးလျမှာ ၂ လ ခွဲကျော်လောက် နေခဲ့ပြီးဟိုမှာနေတဲ့ အချိန်အတွင်းမှာလည်း ပျော်ရွှင်ရကြောင်းကို သဇင်က ”ဟိုမှာနေရတာပျော်တယ်။ ဒီတစ်ခေါက် သြစတြေးလျ ပြန်သွားရင် ကျောင်းတက်ဖို့ကိစ္စတွေ လုပ်ဖြစ်မယ်။ အခုအမျိုးသားရဲ့ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ခဏပြန်လာတာပါ။ ဟိုမှာတော့ မေမြို့လို ပုံစံမျိုးလေး။ အေးအေးချမ်းချမ်းနဲ့ တိတ်တိတ်ဆိတ်လေး၊ လူတွေ အကုန်လုံးက တစ်ယောက်နဲ့တစ်ယောက် တအားလည်း ယဉ်ကျေးကြတယ်။ ချစ်ဖို့လည်းကောင်းကြတယ်” လို့ပြောပါတယ်။

သြစတြေးလျကိုသွားနေတဲ့ အချိန်အတွင်းမှာ၊ ဒီကမိသားစုတွေ၊ ပရိသတ်တွေကို မလွမ်းဘူးလားလို့ မေးတော့ သဇင်က ”လွမ်းတယ်၊ သွားပြီးသွားတဲ့ အချိန်မှာ ပထမတုန်းက ဒီကိုတစ်ခေါက်ပြန်လာဖို့ အစီအစဉ်မရှိဘူးလေ။ တအားကြာမယ်ထင်တာ။ အဲဒီတုန်းက အကြာကြီး ခွဲရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ ဆိုတော့ တော်တော်လေး သတိရတယ်။ ပိုဆိုးတာက သဇင့်မိဘတွေနဲ့က ငယ်ငယ်လေးကတည်းက ခွဲတဲ့အကျင့်မရှိဘူး။ ကိုယ်က တိရစ္ဆာန်လေးတွေလည်း မွေးထားတယ်။ သံယောဇဉ် တအားဖြစ်တတ်တော့ သူတို့တွေကအစ တအားလွမ်းခဲ့ရတယ်”လို့ ပြောပါတယ်။ သြစတြေးလျကို နောက်အကျဆုံး နောက်နှစ်ဧပြီလမှာ ပြန်ဖြစ်မှာဖြစ်ပြီး ဒီနှစ်မှာကျင်းပမယ့် အကယ်ဒမီပေးပွဲကိုတော့ ရန်ကုန်မှာရှိရင်တက်ဖြစ်မှာပါလို့ ပြောပါတယ်။
”ဒီနှစ်အကယ်ဒမီပွဲကို ရန်ကုန်မှာကျင်းပမယ်လို့ကြားတယ်။ သဇင်ရှိရင်တော့ တက်ဖြစ်မှာပါ။ မနှစ်ကတော့ စုံတွဲအနေနဲ့ ပထမဦးဆုံးတက်ဖြစ်တာပါ။ သူ့အတွက်က အကယ်ဒမီပေးပွဲက တက်လေ့တက်ထမရှိဘူး သွားကျင့်မရှိဘူး။ သူ့အတွက် တအားစိမ်းတယ်”လို့ ခင်ပွန်းဖြစ်သူနဲ့ အကယ်ဒမီပွဲတက်တဲ့ ခံစားချက်ကိုပြောပါတယ်။ သဇင်က အိမ်ထောင်ကျသွားပြီး ဖြစ်တဲ့အတွက် အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေပေမယ့် အနုပညာပိုးကတော့ ရှိနေတဲ့အတွက် သီချင်းပိုင်းကို ပိုလုပ်ဖြစ် မှာ ဖြစ်ပြီး ဇာတ်ကားတွေကိုတော့ အနည်းအကျဉ်း ပြန်လည် ရိုက်ကူးသွားမှာဖြစ်ကြောင်း ပြောပါတယ်။
ဓာတ်ပုံ – အိသွဲ့ (တန်းယန်း)
ခိုင်ဝေလွင်
popular myanmar news
Share this article :

1 comments:

Unknown said...

လုပ်ချင် တာလုပ်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map