<div style='background-color: none transparent;'></div>

Home » » သင်ဇာဝင့်ကျော်ရဲ့ ဖီလင်အသစ်

သင်ဇာဝင့်ကျော်ရဲ့ ဖီလင်အသစ်

သင်ဇာဝင့်ကျော်က ဒါရိုက်တာ မီးပွားရိုက်တဲ့ ‘ကြေမွသွားသော’ ဗီဒီယို ကားမှာ နိုင်းနိုင်းနဲ့ အတူ သရုပ်ဆောင် ဖို့ ပြင်ဦးလွင် ကို ရောက်နေပါတယ်။ သင်ဇာဝင့်ကျော်ပါဝင်တဲ့ ‘မန္တလေးသား’ဆိုတဲ့ ကားကိုတော့ထုံးစံအတိုင်း မန္တလေး ပရိသတ်တွေ အကြိုက်တွေ့ပြီး အားပေးနေကြပါတယ်။ အဲဒီ မန္တလေးသားကား ရိုက်တုန်းက အမှတ်တရ အကြောင်း ပြန်မေးတော့ “အဲဒီကားရိုက်တုန်းက တော်တော်ပူတာ။ တအားပူပါတယ်ဆိုတဲ့ အချိန်မှာ ဦးပိန်တံတားကို အစကနေအဆုံး လျှောက်လိုက်ရတယ်”လို့ ပြောပါတယ်။


သင်ဇာဝင့်ကျော်က အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး (သုဝဏ္ဏမှာလုပ်တုန်းက) အဲဒီတုန်းက မော်ဒယ်လုပ်ခါစ။ တီဗီကြော်ငြာတွေ ရိုက်နေတဲ့အချိန်ပေါ့။ ဗီဒီယိုတောင် မရိုက်ရသေးဘူး။ မဇာ(နဝရတ်)နဲ့ တစ်ပွဲ တက်ခဲ့ဖူးတယ်။ နောက်တစ်နှစ်နေပြည်တော်မှာ စလုပ်တော့ ဗန်းကိုင်ဖြစ်သွားတယ်။ သုဝဏ္ဏ မှာတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ တက်ရတဲ့ ဖီလင်တစ်ခါမှ မကြုံဖူးသေးဘူး။ အဲဒီတော့ ဖီလင်အသစ် ဖြစ်မယ် ထင်ပါ တယ်”လို့ ပြောပါ တယ်။
သင်ဇာဝင့်ကျော်ကို ပြည်ပ ဖျော်ဖြေပွဲသွားတာ သိပ်မတွေ့ရလို့မေးတော့ “တမင်ကို မသွားတာ။ ဘာဖြစ်လို့လဲ ဆိုတော့ Plus One မရဘူး။ ကိုယ်တစ်ယောက်တည်း သွားလို့လည်း အဆင်မပြေ ဘူး။ အရင်တစ်ခေါက်တွေက တစ်ယောက်အပို ခေါ်လို့ရတယ်။ အခုမရတော့ ကိုယ်လည်း ခက်ခဲတာနဲ့မသွားတာ”လို့ ပြောပြခဲ့ပါတယ်။
နေကွန်းထင်
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map