<div style='background-color: none transparent;'></div>

Home » » စေတနာ အကျိုးပေးသူ ဆရာမလေး

စေတနာ အကျိုးပေးသူ ဆရာမလေး

အသက် ၂၁ နှစ်အရွယ် ကောလိပ်ကျောင်းသူလေး Pushpa Basnet ဟာ နီပေါမှာ သာမန် အရပ်သား တစ်ဦး ဖြစ်ပါတယ်။ ငွေရှိ၊ လူချမ်းသာ စာရင်း ထဲ လုံးဝ မပါပါဘူး။ ကော်လိပ်ကျောင်း assignment အတွက် နီပေါအမျိုးသမီးထောင်ကို အလည် ရောက်ပါတယ်။ ထောင်တွင်းက အမျိုးသမီးများနဲ့အတူ အသက်ရှင် နေထိုင်နေရတဲ့ ကလေးငယ် များကို မြင်တွေ့လို့ ကိုယ်ချင်းစာသနားစိတ် ဝင်သွားပါတယ်။ မိဘက ထောင်ကျနေတော့ အကူအညီမဲ့ ကလေးများဟာ မိဘနဲ့အတူနေရပါတယ်။ သူတို့လေးတွေသာ ပညာမတတ်ပဲ အသက်ကြီးသွားရင် ဒီရာဇဝတ်မှုများ၊ လူ့ဆင်းရဲလောကသားများကြားမှာသာ အသက် ရှင်ရ မှာကို တွေးမိတော့ သူမ မနေနိုင်တော့ပါဘူး။

ဒါကြောင့်ပဲ သူ့ဆီမှာရှိတဲ့ ၈၈၅ ဒေါ်လာ ဝန်းကျင် စုဆောင်းငွေလေးနဲ့ ကလေးငယ်များကို ကူညီဖို့ စဉ်းစားပါတယ်။ ငွေဒီတိုင်းလှူရင် ကုန်ရုံပဲရှိ တာမို့ ပညာလှူဖို့ စိတ်ကူးပြီး ကလေးငယ်များ အတွက် နေ့မူကြိုကျောင်း စလုပ်ပေးပါတယ်။ မူကြိုကျောင်းဆိုပေမယ့် မူကြိုအရွယ်ကို ကျော်လွန်ပြီးတဲ့ ကလေးများလည်း ပါဝင်နေပြန်ပါတယ်။ ဒါကြောင့် ကလေးပြုစုစောင့်ရှောင့်၊ ပညာသင်ကြားရေး ကျောင်း အဖြစ် ဒေသခံ အစိုးရဆီမှာ မှတ်ပုံတင် လို့ ထောင်မှာ စလုပ်ပါတယ်။



နေ့ပိုင်းမှာ ကလေးများကို ခေါ်ယူ စာသင်ပေးပြီး ညကျတော့ မိဘဆီ ပြန်တဲ့ Day Care ပုံစံ ဖြစ်ပါတယ်။ သူမရဲ့ လုပ်ဆောင်ချက်ဟာ လူသိများလာပြီး အလှူရှင်အချို့  ပေါ်ပေါက်လာပါတယ်။ ဒါကြောင့် အပြင်မှာ ကလေးပြု စုစောင့်ရှောင့်ရေး ကျောင်းငယ်လေး တစ်ခုထောင်ဖို့အတွက် အလှူငွေတွေ ရရှိပါတယ်။ ဒါနဲ့ ကလေးပြုစုရေးကျောင်းလုပ်ပြီး အနေ၊အစားအားလုံး တာဝန်ယူပေးပါတယ်။ အားလပ်ရပ် ကျတော့ ထောင်ထဲက မိဘဆီ ပြန်လည်ဖို့ ခွင့်ပေးပြီး စည်းစနစ်နဲ့ လပ်ပါတယ်။


နောက်တော့ ထောင်ကျမိဘရဲ့  ကလေးများအတွက်တင်မကတော့ပဲ နီပေါ ရဲ့ ဆင်းရဲသား ရပ်ကွက်များက ကလေးငယ်များ၊ အလေအလွင့် ကလေးငယ် များကိုပါ စုစည်းလို့ ကျောင်းမှာ ပညာသင်ကြားပေးပါတယ်။ ကျန်းမာရေး အတွက် ထောက်ပံ့ပေးပါတယ်။ စားဝတ်နေရေး အားလုံး တာဝန် ယူပါ တယ်။ အလှူရှင်တွေလည်း ပြည်တွင်းကတင် မကတော့ပဲ ပြည်ပ အလှူရှင် များပါ လာရောက် လေ့လာ
လှူဒါန်း ပါတယ်။ လူမှုရေး လုပ်ငန်းလုပ်တဲ့ Pushpa Basnet ဟာ ဘွဲ့ကြီးကြီးမားမား ရရှိသူ မဟုတ်ပေမယ့် နိုင်ငံ တကာရဲ့ အာရုံစိုက်မှုကို ခံရလာပါတယ်။ သူမွေးထုတ်ပေးတဲ့ ကလေးငယ် များဟာလည်း ထူးချွန် သူများ ဖြစ် လာပြီး နီပေါနိုင်ငံရဲ့  အစိုးရပညာရေး စနစ်မှာ ထူးချွန်ကျောင်းသားများ ဖြစ် လာပါတယ်။

Pushpa Basnet ဒီမှာတင် မရပ်တန့်ပါဘူး။ ကလေးတွေကို တစ်သက်လုံး သူ ကျွေးမထားနိုင် ဘူးဆိုတာကိုလည်း သိနေပါတယ်။ ယနေ့ ၂၀၀၇ခုနှစ် အထိ သူ့လက်အောင်ကနေ ကလေးပေါင်း၁၀၀ မကေ မွေးထုတ်ပြီး ဖြစ်ပါတယ်။ ဒီလိုတစ်ရာမက ကလေးငယ်များကိုတစ်သက်လုံး သူကျွေး မထားနိုင်တော့ အစီအစဉ် သစ်တစ်ခုအနေနဲ့ ထောင်ကျမိဘများကို အသက်မွေးဝမ်းကျောင်းပညာရပ် သင်ကြားပေးတဲ့ ဖောင်ဒေးရှင်းတစ်ခုစပြန်ပါတယ်။ ဒါကြောင့် ထောင်ကထွက်လာတဲ့ မိဘများဟာ ကျောင်း တက်နေတဲ့သားသမီးများအတွက် သမာအာဇီဝနည်းလမ်းနဲ့ လုပ်ကိုင်ကျွေးမွေး စောင့်ရှောင့် နိုင်စေ
ဖို့ ဖြစ်ပါတယ်။ သူမဖောင်ဒေးရှင်း အောင်မြင်ပြီး နီပေါဆင်းရဲသားများအတွက် အလုပ်အကိုင် အခွင့် အလှမ်းများ ပိုမို တိုးတက်လာပါတယ်။

ဒါကြောင့် သူမရဲ့  လုပ်ဆောင်ချက်ကို အသိအမှတ်ပြုတဲ့ နိုင်ငံတကာက မီဒီယာများ လာရောက် အင်တာဗျူး ပါတယ်။ လေ့လာပါတယ်။ CNN မှလည်း ၂၀၁၂ ခုနှစ်၏ တစ်နှစ်တာ စံပြ လူစွမ်းကောင်းဆု ချီးမြင့်ခဲ့ပါတယ်။ နီပေါနိုင်ငံ ကရော၊ တောင်ကိုရီးယားနိုင်ငံကရော ဆုတံဆိပ်များချီးမြင့်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဂျော့ဝါရှင်တန် တက္ကသိုလ်မှ Basnet ကို တက္ကသိုလ်ကျောင်းသားများအတွက် မိန့်ခွန်းပြောကြားဖို့အတွက် သီးသန့် ဖိတ်ကြားပါတယ်။


လက်ရှိချိန်မှာ အသက် ၃၀ ဝန်းကျင်ရှိပြီ ဖြစ်တဲ့ ကမ္ဘာ့စံပြပုဂ္ဂိုလ်/ နီပေါနိုင်ငံ ဂုဏ်ဆောင် Pushpa Basnet ဟာ ကလေးတွေကြား မှာ ပျော်ရွှင်ရင်း စာသင်လျက် ရှိပါတယ်။

-
Ref: wiki,CNN
International news for myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map