<div style='background-color: none transparent;'></div>

Home » » ပြေတီဦးကို ဒီလိုမေးကြတယ်

ပြေတီဦးကို ဒီလိုမေးကြတယ်


တစ်ဦးက တစ်ဦးအပေါ် မေတ္တာထားရှိမှုနဲ့ အောင်မြင်မှုကို ဘယ်လို ထိန်းသိမ်းမလဲဆိုတော့ မေးခွန်းတွေကို အနုပညာရှင် ညီအစ်ကို မောင်နှမတွေက On Scene Question ကဏ္ဍလေးကနေ အကယ်ဒမီ ပြေတီဦးကို မေးတဲ့အခါ  ပြေတီဦးက ဘယ်လို ပြန်ဖြေထားလဲဆိုတော့ . . .

ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်)- အချိန်ကြာကြီး ကြိုးစားပြီးမှ ရလာတဲ့ အောင်မြင်မှုကို အမြဲပိုင်ဆိုင်ဖို့ ဘယ်လို ထိန်းသိမ်းသွားမလဲ

ပြေတီဦး-

အဓိကကတော့ အရိုးသားဆုံးနဲ့ အမြဲကြိုးစားနေဖို့ပါပဲ။

ကိုပေါက်- အောင်မြင်ဖို့အတွက် ဘယ်လိုဆောင်ပုဒ်ကို လက်ကိုင်ထားလဲ


ပြေတီဦး-

“ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်” ပေါ့။ ဘယ်အလုပ်မဆို မလုပ်ဘူးဆိုရင်လဲ ဘာမှမလုပ်တာ အကောင်းဆုံးပဲ၊ လုပ်ပြီဆိုရင်လည်း အောင်မြင်အောင် လုပ်ဖို့လိုတယ်။

ယွန်းရွှေရည်- အစ်ကို့ရဲ့ ခုနှစ်ရက်သားသမီး ပရိသတ်တွေအပေါ်မှာ ဘယ်လို မေတ္တာတုံ့ပြန်လေ့ရှိလဲ။

ပြေတီဦး-

အဲဒါကတော့ အချက်နှစ်ချက်ရှိတယ်။ (၁) သရုပ်ဆောင်တဲ့ အခါတိုင်းမှာ ပေါ့ပေါ့တန်တန် မလုပ်ဘဲနဲ့ အမြဲ အလေးအနက်ထားပြီး ပရိသတ်တွေ အစ်ကို့ကားကြည့်ရတာ တန်အောင် အစွမ်းရှိသလောက် ကြိုးစားတယ်၊ (၂) နံနက် ဘုရားရှိခိုးတိုင်း အစ်ကိုပြုလုပ်သမျှ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ် အားလုံး အစ်ကို့ပရိသတ်ကို အမျှပေးတယ်။

မိုးယုစံ- အစ်မကို ဘယ်လောက်ချစ်လဲ

ပြေတီဦး-

ဘဝတစ်ခုလုံးပေါ့။ (ရယ်လျက်)
 news.yatanarpon.com.mm
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map