<div style='background-color: none transparent;'></div>

Home » » "သာယာချမ်းမြေ့တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူ အကယ်ဒမီ ထက်ထက်မိုးဦးရဲ့ ဘဝအကြောင်း"

"သာယာချမ်းမြေ့တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူ အကယ်ဒမီ ထက်ထက်မိုးဦးရဲ့ ဘဝအကြောင်း"



လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်ကာလက တီဗီကြော်ငြာတွေမှာ ပရိသတ် အားပေးခဲ့ သူ၊ သူနဲ့မှ ကြော်ငြာမရိုက်ရရင် မိမိတို့ ကုန်ပစ္စည်းခေတ်နောက် ကျကျန်ခဲ့ ရလောက် အောင်တီဗီကြော်ငြာတွေမှာထင်ပေါ် ကျော်ကြားခဲ့သူ အကယ်ဒမီ ထက်ထက်မိုးဦးဟာ အခုဆိုရင်ခင်ပွန်းသည် ဇူးမြတ်ထက်၊ သမီးလေး စစ်လွန်းဝတီထက်တို့ နဲ့အတူ သာယာချမ်းမြေ့တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ အနိမ့်အမြင့်၊ အတက်အကျ၊ အဖုအထစ်၊ အမို့ အမောက် များလှတဲ့ လောကဓံကို ရင်ဆိုင်ရင်း အနုပညာလမ်းခရီး ကို လျှောက်လှမ်းလာခဲ့တာ ခရီးတစ်ထောက် ဆိုက်ရောက်လို့ အောင်မြင် မှုတွေလည်း ရရှိခဲ့ပါပြီ။ အခက်အခဲအတားအဆီး အမျိုးမျိုးကိုလည်း ရင်ဆိုင်ကျော်လွှားခဲ့ပြီးပါပြီ။ ငယ်ရွယ်သွက်လက်တဲ့ လူငယ်ဘဝကနေ သရုပ်ဆောင် အလုပ်ကိုကြိုးစား လာခဲ့တာအခုဆိုရင်တည်ငြိမ်ရင့်ကျက်တဲ့ လူလတ်ပိုင်းအရွယ်ကိုရောက်ရှိလာခဲ့ပြီဖြစ်တဲ့ အနုပညာရှင် အကယ်ဒမီ ထက်ထက်မိုးဦးနဲ့တွေ့ဆုံခိုက်သူ့ရဲ့ဘဝမှာ ရင်ဆိုင်ခဲ့ရတဲ့အတွေ့ အကြုံ၊ အောင်မြင်မှုကို ရေရှည်တည်တံအောင် ထိန်းသိမ်းနိုင်တဲ့ လျှို့ဝှက်ချက်၊ မိဘ မေတ္တာအပေါ်မိခင်နေရာ ရောက်ရှိလာပြီဖြစ်တဲ့ သူ့ရဲ့ပြောစကား၊ သဘောထား၊ ခံစားချက်အစရှိတဲ့ စိတ် ဝင်စားစရာများကို ထက်ထက်ရဲ့ ပရိသတ်ကြီးအတွက် အင်တာဗျူးဖြစ်ခဲ့ပါတယ်


မထက်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွေ၊ ကြော်ငြာတွေဆိုရင် ပရိသတ် တော်တော်များများ အားပေးတယ်နော်။ ဗြူးတီးခေါင်းလျှော် ရည်ဆိုရင် ပရိသတ်တွေက ထက်ထက်မိုးဦး ခေါင်းလျှော်ရည် လို့တောင် စွဲမှတ်ကြတယ်။ အဲဒီရိုက်ကူးခဲ့တဲ့ အမှတ်တရနဲ့ ဒုတိယ တစ်ခါပြန် ရိုက်တဲ့အခါ ဘယ်လိုကွာခြားလဲဆိုတာ ပြောပေးပါဦး။
ကွာတာပေါ့။ တအားကို ကွာခြားသွားတယ်။ အရင်တုန်းက ဦးမီးပွားရိုက် တာလေ။ နာမည်ကိုက မီးပွားဆိုတော့ ယှဉ်လို့မှမရတာ။ ဦးမီးပွားဆိုရင် စိတ်ချလက်ချအားလုံးကို ယုံကြည်ပြီးသားပဲ။ ခုက ဦးမီးပွား မဟုတ်တော့ ကြောက်ကြောက်နဲ့ ပြန်ရိုက်တာပေါ့။ အားတင်းထားပြီးတော့ အကောင်းဆုံးလုပ်ပါမယ်။ ပရိသတ်တွေကတော့ ပြောမှာပဲ အရင်ကြော်ငြာ ကိုတော့ မမီဘူး။ ပြောရင်ပြောမှာပဲ။ (ရယ်လျှက်) ငယ်ငယ်တုန်းကနဲ့ခုက ကွာသွားတာကိုး။ အဲဒါလည်း အချိန်ပဲပေါ့။ ဦးမီးပွားနဲ့ဆိုရင် ထက်ထက် သေသေချာချာကို ကြိုးစားခဲ့ရတယ်။ ရိုက်ကူးမှုတွေ မတူတော့တာတော့ အမှန်ပဲ အစစအရာရာပေါ့။

ကိုဇူးက မထက်အတွက် အမြဲလိုလို လက်ဆောင်ပေး တတ်လား။ အရင်ကရဖူးတဲ့လက်ဆောင်နဲ့ ဒီ ၂ဝ၁၂ မှာ ကိုဇူးပေးတဲ့ ခရစ္စမတ် လက်ဆောင်က မထက်အတွက် ဘယ်ဟာကပိုပြီး ဟက်ခ်ထိလဲဆိုတာ ပရိသတ်ကြီးများ သိအောင် ပြောပေးပါဦး။
ဘဝမှာတော့ လက်ဆောင်တွေ အများကြီးရဖူးတာပေါ့။ ခုက ကိုယ်ချစ်တဲ့၊ ကိုယ့်ကိုချစ်တဲ့ကိုယ့်ယောက်ျား ခင်ပွန်းကပေးတယ်ဆိုတော့ ပျော်တာပေါ့။ ဒီပုံလေးကို ဖေ့စ်ဘုတ်မှာတင်တော့ ပရိသတ်တွေကလည်း ပြောတယ်။ မထက်ဘဝက အေးချမ်းလိုက်တာ။ ပျော်စရာကောင်းလိုက်တာ။ ဒီလို မျိုးပြောတော့ကိုယ့်တို့ ပီတိဖြစ်တာပေါ့။ အရင်ကဘဝနဲ့ ခုက တစ်ခြားစီ သပ်သပ်ပေါ့။ ဘာမှမဆိုင်ဘူး။

မထက်ရော ကိုဇူးကို ခရစ္စမတ်လက်ဆောင် ဘာပြန်ပေးဖို့ စီစဉ်ထားလဲ။ ခရစ္စမတ်မှာရော မိသားစု ဘယ်တွေသွားဖို့ စီစဉ်ထားလဲဆိုတာ ပြောပြပေး ပါဦး။
ကိုဇူးကို ပေးမယ့်လက်ဆောင်ကတော့ ဒါကလျှို့ဝှက်ချက် ဘယ်သူ့ကိုမှ မပြောပြဘူး။ ခရစ္စမတ်ကို အစတုန်းကတော့ ဘန်ကောက်သွားဖို့ စီစဉ်ထားပေမယ့် အကယ်ဒမီပွဲနဲ့ နီးတယ်ဆိုတော့ မသေချာသေးဘူး။ အရင်နှစ်တွေက ခရီးသွားတာများတယ်။ အနီးကပ်မှသိရမယ်။

မထက်တို့ အချိန်တုန်းက ဇာတ်ကား တစ်ကားရိုက်ပြီဆိုရင် ဒီကား ပရိသတ်တွေ ကြားမှာ ရေပန်းစားဖို့တွက် ဘယ်အရာက အဓိကဖြစ်လဲ ဆိုတာ ပြောပြပေးပါဦး။

ဆက်လက်ဖော်ပြပါမည်။
popular journal
ထူးထူး
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map