<div style='background-color: none transparent;'></div>

Home » » နန်းခင်ဇေယျာ၏ မွန်မြတ်သော စိတ်ထား

နန်းခင်ဇေယျာ၏ မွန်မြတ်သော စိတ်ထား

နှစ်ပေါင်း ၅ဝ ကျော်ကာလအတွင်း Miss International 2012 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အနေနှင့် ဂျပန်နိုင်ငံ
တွင်ကျင်းပသည့် အိုကီနာဝါကျွန်း ၂ဝ၁၂ နိုင်ငံတကာမယ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ သော မနန်းခင်ဇေယျာသည် Miss
Internet Award နှင့်အတူ People Choice Award  ဆုနှစ်ဆုတို့အားထိုက်ထိုက်တန်တန်ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံ
သို့  ပြန်လည်ရောက်ရှိလာသောအခါ မရမ်းချောင်းကျေးရွာ ရှိ အနာကြီးဝေဒနာရှင်များထံသို့ သွားရောက်ကုသိုလ်ပြု
လှူဒါန်းမှုများ ပြုလုပ်ခဲ့သည့်အပြင် “အနိမ့်ကျဆုံး သော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော   နှလုံးသားရှိသူတို့သာ
လုပ်ဆောင်နိုင်သည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊သဘာဝဘေး

(စစ်ဘေး) အစ ရှိသည့် လူမှုရေးလုပ်ငန်းရပ်များအား စဉ်ဆက်မပြတ် (အခမဲ့) ကုသိုလ်ဖြစ် လုပ်ဆောင်ပေးဆပ်နေ
သော နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ၂၁.၁၁.၂ဝ၁၂ ရက်နေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် မနန်းခင်ဇေယျာ
သည် လာရောက် ၍ အလှူငွေ (၂) သိန်းကျပ်တိတိအား ထည့်ဝင်လှူဒါန်းခဲ့သည်။

ထို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုလုပ်ငန်းရပ်များဖြစ်သည့် နာရေး၊ ကျန်းမာ ရေး၊ ပညာရေးအစရှိ
သည့် လုပ်ငန်းရပ်များအား ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသားများတို့မှ လိုက်လံ ရှင်းလင်းပြသခဲ့သည်။ ထိုသို့ လေ့လာ
မှုပြုရာတွင် အသင်းတွင် သင်ကြားပို့ချပေးနေသော တက္ကသိုလ်ဝင် တန်း စာသင်စာကျက်ဝိုင်းသို့၎င်း၊ ကွန်ပြူတာသင်
တန်းသို့၎င်း၊ သုခအလင်းစာကြည့်တိုက်သို့၎င်း၊ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ဆေးဝါးကုသနေကြသောလူနာများအား
လိုက်လံကြည့်ရှု အားပေးကာ မြန်မာ နိုင်ငံလူမှုရေးအသင်းအဖွဲ့များအား (၇) ရက်စခန်းသွင်း၍ သင်ကြားပေးနေသော
“စွမ်းရည်မြှင့်သင်တန်း”မှ သင်တန်းသား/သူများနှင့် အချိန်ပိုင်း သင်တန်းနည်းပြတစ်ဦးဖြစ်သူ ကိုအလင်းဆက်(IR)တို
့နှင့်  ရင်းနှီးစွာ နှုတ်ဆက် စကားပြောကြားခဲ့ပြီး အမှတ်တရဓါတ်ပုံ ရိုက်ကူးပေးခဲ့သည်။ ကိုအလင်းဆက်(IR)နှင့် ဥက္ကဋ္ဌ
ဦးကျော်သူတို့မှ မိမိ၏ အောင်မြင်မှုကို လူမှုရေးလုပ်ငန်းရပ်များတွင် အသုံးချကာ တိုင်းပြည်အတွက်အကျိုးရှိမည့် ပေး
ဆပ်မှု များလုပ်ဆောင်ပေးရန် တိုက်တွန်းစကားဆိုခဲ့သည်။ ထို့နောက်  မနန်းခင်ဇေယျာသည်  နာရေးကူညီမှုအသင်း
(ရန်ကုန်)မှအသင်းသား/သူများ၏ လူမှုရေးပေးဆပ်မှုများအားကိုယ်တိုင်မြင်တွေ့ခဲ့ကာဥက္ကဋ္ဌဦးကျော်သူ၊အတွင်းရေးမှူး
ဒေါ်ရွှေဇီးကွက် ၊အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်တို့အား တွေ့ဆုံ ခဲ့ပြီးနာရေးကူညီမှုအသင်း(ရန်ကုန်)တွင်လုပ်အား
ပေးအဖြစ် ဝင်ရောက်လုပ်ကိုင်လိုကြောင်း ပြောကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ မြန်မာပြည်သူလူထုတို့၏ ချစ်ခင်အားပေးခြင်းကို ခံယူခဲ့ရကာ အများပြည်သူတို့၏ အင်တာနက်မဲဆန္ဒကြောင့်
မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်၊ မြန်မာ့အလှကို ကမ္ဘာမှသိရှိအောင် စွမ်းဆောင် ပေးခဲ့သော မြန်မာအမျိုးသမီးငယ် တစ်ဦး
ဖြစ်သူ မနန်းခင်ဇေယျာသည် အများပြည်သူတို့အတွက် ကူညီ ဖေးမပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)တွင်
လာရောက်၍လုပ်အားဒါနများ ပြုလုပ်ပေးမည်ဟုဆိုခြင်းသည် မြန်မာပြည်သူ/သားတို့အား ပြန်လည်၍ ကျေးဇူးဆပ်ခြင်း
ပင် ဖြစ်တော့သည်။ မနန်းခင်ဇေယျာနှင့် ဂုဏ်ပြုကဒ်ပြား လက်ခံမှုအား မှတ်တမ်းဓါတ်ပုံရိုက် ကူးပြီး၍နာရေး   ကူညီမှု
အသင်း (ရန်ကုန်)မှ ပြန်လည် မထွက်ခွာမီ မိမိအနေဖြင့် တစ်လလျှင် နှစ်ကြိမ်ခန့် အချိန်ပေး၍ နာရေးကူညီမှု  (ဈာပန
လမ်း ကြောင်း)တွင် လုပ်အားပေးနိုင်ရန် ကြိုးစားပါမည်ဟု ဝမ်းသာအားရပြောကြားခဲ့သည်။ ထိုသို့ စိတ်အား ထက်သန်
စွာဖြင့် နုငယ်သော အမျိုးသမီးငယ်တစ်ဦးမှ ရဲဝံ့စွာပြောကြားလိုက်သော စကားသံသည် ကျွန်တော်တို့   နာရေးကူညီမှု
အသင်း(ရန်ကုန်)နှင့် အများပြည်သူလူထုတို့အပြင် သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များကပါ ဝမ်းသာအားရ    သာဓု
ခေါ်ဆို ကြိုဆိုလိုက်ပါတော့သည်။

“ကြိုဆိုလျှက်ပါ မနန်းခင်ဇေယျာ”
































 http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1867162&xgs=1&xg_source=msg_share_post
Share this article :

2 comments:

Unknown said...

မြင့်မြတ်တဲ့စိတ်ထားကိုဂုဏ်ယူပါတယ်

Unknown said...

သာဓု သာဓု သာဓု ဝမ်းသာပါတယ်။

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map