<div style='background-color: none transparent;'></div>

Home » » ပြည်မြို့တွင်ကျောင်းထိုင်ဆရာတော်အား ကျောင်းတိုက်ရှိ ဦးပဉ္ဇင်းတစ်ပါးမှ ရဲဒင်းနှင့် ခုတ်သတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွား

ပြည်မြို့တွင်ကျောင်းထိုင်ဆရာတော်အား ကျောင်းတိုက်ရှိ ဦးပဉ္ဇင်းတစ်ပါးမှ ရဲဒင်းနှင့် ခုတ်သတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွား

ပြည်မြို့၊ရွာဘဲနယ်မြေ၊ဘုရင့်နောင်လမ်းမကြီးဘေးတွင်ရှိသည့် အထက်နိဗ္ဗိန္ဒတောရ ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်အား ၄င်းကျောင်းတိုက်တွင်ရှိသည့် ဦးပဉ္ဇင်းတစ်ပါးမှ ရဲဒင်းနှင့် ခုတ်သတ်ခဲ့ သည့်ဖြစ်စဉ် နိုဝင်ဘာလ (၂၁) ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်အပြည့်အစုံမှာ ၄င်းကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော် ဦးဝါသ၀၊ သက်တော် (၅၁)နှစ် ၀ါတော် (၃၃)၀ါ (ဘ) ဦးကျင်မောင်သည် ယင်းနေ့ညနေ (၆း၃၀) နာရီ အချိန်ခန့်က ဘုရားဝတ်ပြုနေစဉ် ၄င်းကျောင်းတိုက်ရှိ ဦးပဉ္ဇင်း ဦးခေမာစာရမှ ရဲဒင်းနှင့် ဇက်ပိုးကိုခုတ်၍ ဆရာတော် ဦးဝါသ၀မှာ လဲကျသွားခဲ့ပြီး ဦးခေမာစာရက နောက်ထပ်ရဲဒင်းဖြင့် (၂) ချက် ထပ်ခုတ်ခဲ့ရာ ဆရာတော် ဦးဝါသ၀ မှာ ရရှိထားသော သွေးထွက်ဒဏ်ရာများဖြင့် အချင်းဖြစ်နေရာတွင်ပင် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။ ထို့နောက် ပျံလွန်တော်မူသွားသော ကျောင်းထိုင်ဆရာတော်အား ရဲဒင်းဖြင့်ခုတ်သတ်သူ ဦးပဉ္ဇင်းဦးခေမာစာရမှ တရွတ်တိုက်ဆွဲ၍ ကျောင်းဝင်းအတွင်းရှိ အိမ်သာကျင်းအတွင်းသို့ ပစ်ချခဲ့သည်။ ကျောင်းရှိ ကိုရင်ငယ်များအားလည်း ပြင်ပသို့ထွက်ခွာခွင့် မပြုခဲ့ကြောင်းနှင့် နိုဝင်ဘာလ (၂၂) ရက်နေ့ နံနက် (၇း၀၀) နာရီ အချိန်ခန့်တွင် ၄င်းကိုရင်ငယ်များ ဆွမ်းခံကြွရန်အတွက် ကျောင်းဝင်းပြင်ပသို့ ထွက်ခွာခွင့်ရသည့် အချိန်မှသာ ရဲစခန်းသို့ သတင်းပေး အကြောင်းကြားနိုင်ခဲ့သည်ဟု သိရသည်။
ယင်းဖြစ်စဉ်ကို ပြည်မြို့အမှတ် (၂)ရဲစခန်း၌ ပြစ်မှုကျူးလွန်သူ ဦးပဉ္ဇင်း ဦးခေမာစာရ (ခ) ၀င်းလှိုင် (၃၃)နှစ် ၀ါတော် (၁၁) ၀ါ (ဘ) ဦးတင်ဝင်းအား (ပ) ၅၇၉ /၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပြီး တရားခံဖြစ်သူ ဦးပဉ္ဇင်း ဦးခေမာစာရသည် ကျောင်းထိုင်ဆရာတော်၏ နေရာကိုလိုချင်၍ ကျောင်းထိုင်ဆရာတော်အား ယခုလိုရဲဒင်းဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map