၅-၁၁-၂၀၁၂ ရက် (ကြာသပတေးနေ့) နံနက် ၉ နာရီ ၃၅ မိနစ်အချိန်တွင်
တာမွေမြို့နယ်၊ မလွှကုန်းဘူတာရုံ စင်္ကြန်ပေါ်တွင် ရထားစီး ရန်
စောင့်ဆိုင်းနေသူ ကိုယ်ဝန် အရင့်အမာနှင့် မခင်သန္တာဌေး (အသက် ၁၉ နှစ်)
ဆိုသူသည် သူမကဲ့သို့ ရထားစီးရန် စောင့်ဆိုင်းနေကြသည့် အမျိုးသမီးများ၏
တာဝန်သိစိတ် ကရုဏာတရားတို့ကြောင်း ရင်သွေးငယ် သမီးလေးတစ်ဦးကို
အောင်မြင်စွာ မွေးဖွားလိုက်နိုင်ကြောင်း သိရှိရသည်။
ဘူတာရုံတွင် ရထားစောင့်နေစဉ် ရုတ်တရက် ဗိုက်နာလာ၍ အော်ဟစ်ညည်းညူနေသည်ကို အနီးဝန်းကျင်မှ တခြားခရီးသည်များ သတိပြုမိသွားပြီး ဝိုင်းဝန်းမေးမြန်းဖေးမကြစဉ် ကလေးမွေးဖွားမည့်ပုံကို သတိပြုကြသည့် အမျိုးသမီးများက ဘူတာရုံ စင်္ကြန်ပေါ်တွင် ချက်ချင်း အဝတ်များကာရံကာ မီးဖွားနိုင်ရန် ကူညီခဲ့ကြစဉ် တိုက်ဆိုင်စွာပင် အရပ်လက်သည် လုပ်ကိုင်ခဲ့ဖူးသည့် ခရီးသည် အမျိုးသမီးကြီးတစ်ဦးမှနေ၍ အခြားအမျိုးသမီးများ၏ အကူအညီရယူကာ ကလေးငယ်ကို အောင်မြင်စွာ မွေးဖွားပေးလိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆေးရုံပို့ချိန်မရတော့ခြင်း၊ ကလေးမိခင်မှာ
ဆင်းရဲချို့တဲ့ပုံရခြင်းတို့ကြောင့် ထိုနေ့တွင် တာဝန်ကျနေသူ
မီးရထားဝန်ထမ်းလက်မှတ်စစ် ကိုနိုင်ဝင်းမှ ဦးဆောင်ကာ အလှူငွေများကို
ကောက်ခံပေးရာဈေးသည် ဒေါ်မြမြကြည်ဆိုသူက ကူညီလက်ခံပေးကြောင်း သိရ၏။
ရထားစီးနင်းရန် စောင့်ဆိုင်းနေကြသည့် ပြည်သူများထံမှ အလှူငွေကျပ် ၅၃၀၀၀ ကို
ကလေးမိခင်ထံ ပေးအပ်နိုင်ခဲ့ကြကြောင်းလည်း သိရသည်။
အမ်ဒိန်းဂျာ (အောင်သပြေ)yoyarlay


0 comments:
Post a Comment