<div style='background-color: none transparent;'></div>

Home » » အပျိုစင်ဘဝကို ဆောလျင်စွာ စွန့်လွှတ်ခဲ့ဖူးသူရဲ့ နောင်တစကား

အပျိုစင်ဘဝကို ဆောလျင်စွာ စွန့်လွှတ်ခဲ့ဖူးသူရဲ့ နောင်တစကား

ဗြိတိန်မှာ အလွန်ကျော်ကြားနေတဲ့ X Factor အစီအစဉ်ရဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်သူ တူလီဆာကွန်တို စတက်လော့စ်က သူမဆယ်ကျော်သက် အရွယ်တုန်းက ဆိုးတေ မိုက်မဲခဲ့ဖူးတာတွေ၊  အရွယ်မတိုင်ခင် အပျိုစင်ဘဝကို ဆောလျင်စွာ စွန့်လွှတ်ခဲ့ဖူးတဲ့အကြောင်းတွေကို ရင်ဖွင့်ပြောဆိုလိုက်ပါတယ်။ တူလီဆာဆိုတာ နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ N-Dubz ဂီတ အဖွဲ့ဝင် ဝိုင်းတော်သား တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အလှဘုရင်မ တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အဆိုင်တော် တစ်ဦး ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ တူလီဆာက အတိတ်က အကြောင်းတွေနဲ့ ပတ်သက်လို့ အခုလို ရင်ဖွင့်ပါတယ်။ အဲဒီတုန်းက သူမရဲ့ အသက်ဟာ ၁၄ နှစ်နဲ့ သမီးအရွယ်ပဲရှိသေးပြီး ကောင်လေးတွေအများကြီးနဲ့ ပွေရှုပ်ခဲ့သလို မူးယစ်ဆေးရောင်းဝယ် ဖောက်ကားသူအဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးတယ်လို့ သူမရဲ့ ပြောစကားများအရ သိရပါတယ်။ "တကယ်လို့များ ဂီတလောကထဲ မရောက်ခဲ့ဘူးဆိုရင် ကျွန်မဟာ မူးယစ်ဆေးကုန်သည် တစ်ယောက်အဖြစ် အသက်မွေးရဖို့ သေချာပါတယ်။ ကျွန်မငယ်ငယ်တုန်းက ကောင်လေးတွေအများကြီးနဲ့ အိပ်စက်ဖူးပါတယ်ရှင်။ ဒီလိုမျိုး အပျိုစင်ဘဝကို အစောကြီး ဆုံးရှုံးစွန့်လွှတ်ခဲ့မိတဲ့အတွက် နောက်တရပါတယ်။ အဲဒီအချိန်တွေဟာ အသက် ၁၄ နှစ်ကနေ အသက် ၁၇ နှစ်ကြားကာလတွေပါပဲ" လို့ တူလီဆာက ရင်ဖွင့်သွားခဲ့လေရဲ့။
news.yatanarpon.com.mm
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map