<div style='background-color: none transparent;'></div>

Home » » ဗန္ဓုလတံတား အဆင်းတွင် ယာဉ်ကိုးစီးဆင့်တိုက်မှု ဖြစ်ပွားရာမှ သေဆုံးမှုနှင့် အပြင်းအထန် ဒဏ်ရာရမှုများ ရှိခဲ့

ဗန္ဓုလတံတား အဆင်းတွင် ယာဉ်ကိုးစီးဆင့်တိုက်မှု ဖြစ်ပွားရာမှ သေဆုံးမှုနှင့် အပြင်းအထန် ဒဏ်ရာရမှုများ ရှိခဲ့

ဒေါပုံမြို့နယ်၊ ဗန္ဓုလတံတား အဆင်းတွင် ယာဉ်ကိုးစီးဆင့်တိုက် မှု ဖြစ်ပွားခဲ့သည့်ဖြစ်စဉ် နိုဝင်ဘာလ ၂၀ရက်နေ့၊ နေ့လည် ၁၁နာရီ ၄၅မိနစ် အချိန်တွင် ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။ယာဉ်တိုက်မှုဖြစ်စဉ်မှာ နစ်ဆန်းဒီဇယ်ထရပ် အဖြူဝါရောင်ယာဉ်သည် ယမုံနာလမ်းဆုံမီးပွိုင့်အနီး
အရောက်တွင် ၄င်းရှေ့မှမောင်းနှင်လာသည့် ယာဉ်ငါးစီးအား နောက်မှအဆင့်ဆင့်တိုက်မိကာ အရှိန်လွန်၍ မျက်နှာချင်းဆိုင်မှ မီးစိမ်း၍ ဗန္ဓုလတံတားဘက်သို့ လက်ဝဲဘက်မှချိုး ကွေ့မောင်းနှင်လာသော ယာဉ်သုံးစီး တို့အား ထပ်မံတိုက်မိခဲ့ကာ လမ်းဆုံ မီးပွိုင့်ရှိ ယာဉ်ထိန်းနားခိုတဲအား ထပ်မံ၍တိုက်မိခဲ့ကြောင်း သိရှိရသည်။
“ ယာဉ်တိုက်မှုဖြစ်ပြီး ခဏ လောက်ကြာမှ ကျွန်တော်က ရောက် လာတာပါ။ ကားကိုးစီးဆင့် တိုက်တယ်လို့တော့ သိရပါတယ်။ ဒဏ် ရာရရှိသူတွေကိုလည်း ဆေးရုံကိုခေါ်ဆောင်သွားပါတယ်။ ဒဏ်ရာရရှိသူတွေများမယ်ထင်ပါတယ်” ဟု ယင်းဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့သူတစ်ဦးမှ ပြောကြားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှင့် အပြင်းအထန်ဒဏ်ရာ ရရှိမှုများရှိခဲ့ကာ ၁၁ ဦးမှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူ နာများအဖြစ် တင်ပို့ခဲ့ရပြီး ဆေးကုသမှု ခံယူလျက်ရှိသူ တစ်ဦးမှာဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နိုဝင်ဘာလ၂၀ ရက်နေ့တွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး၊ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ဗန္ဓုလတံတားအဆင်း နေရာသည် ယာဉ်များ မကြာခဏ ယာဉ်တိုက်မှုဖြစ်ပွားလေ့ရှိသည့် နေရာဖြစ်ကြောင်းလည်း သိရှိရသည်။
Eleven
20accident1 20accident2
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map