<div style='background-color: none transparent;'></div>

Home » » မိသားစုကို တမ်းတမိရင်း မျက်ရည်ကျ ခဲ့သူ မိုးအောင်ရင်ရဲ့ရင်ဖွင့်သံလေးများ

မိသားစုကို တမ်းတမိရင်း မျက်ရည်ကျ ခဲ့သူ မိုးအောင်ရင်ရဲ့ရင်ဖွင့်သံလေးများ

လူတိုင်း လူတိုင်းမှာ မိသားစု အသိုင်း အဝန်းနဲ့ နေချင် ကြပေမယ့် စားဝတ်နေရေး အတွက်၊ ပညာရေး အတွက် ကြိုးစားလုပ်ကိုင်တဲ့ အခါမှာ မိသားစုနဲ့ ဝေးနေကြရတယ်။

 နွေးထွေးမှုတွေ ပြည့်စုံတဲ့မိသားစုနဲ့ ဝေးနေ ကြတဲ့အခါမှာလည်း ဝမ်းနည်းစရာ၊ စိတ်ဓာတ် ကျစရာတွေ ကြုံတွေ့လိုတိုင်း အိမ်နဲ့မိသားစုကို တမ်းတကြစမြဲပါ။ ဒီလိုပဲ အနုပညာ အလုပ်မှာ ကြိုးစား လုပ်ကိုင်နေတဲ့ မိုးအောင်ရင်က မိသားစုနဲ့ အနေဝေးတဲ့ အခါမှာ စိတ်ဓာတ်ကျပြီး အားငယ်လာတိုင်း မိသားစုကို တမ်းတ မိလားလို့ မေး ကြည့်တော့ မိုးအောင်ရင်က
“တမ်းတရုံမကဘူး။ စိတ်ဓာတ်ကျပြီး ဝမ်းနည်းလာပြီး ငိုရတဲ့အဆင့်တောင် ဖြစ်မိတယ်။
တစ်ခါတလေတော့လည်း ကိုယ့်ကိုယ်ကိုယ် အားငယ်မိတာပေါ့။ တချို့လူငယ် တွေကို အဖေအမေနဲ့ ရန်ဖြစ်တာတွေ တွေ့ရင် အေး မင်းတို့က ရန်ဖြစ်ဖို့ မိဘ တောင်ရှိသေးတယ်ဆိုပြီး ပါးစပ်ကနေ ထွက်သွားမိ တတ်တယ်။ အခုဆို ပိုဆိုး တာပေါ့။ ခွဲလာတာ မကြာသေးဘူးဆိုတော့ စိတ် မချမ်းသာဘူး။ ဒါတွေ တွေးပြီးတော့ အားငယ်မိပြန်ရော” လို့ ပြောပြခဲ့ပါတယ်။ မိသားစုတွေကို မြန်မာ ပြည်ကို ပြန်နေစေ ချင်တဲ့ဆန္ဒကောဖြစ်ပေါ် မိမှာပေါ့လို့ မေးတော့” ရှိတာပေါ့။ ဖေဖေဆို သူတအား ပြန်လာချင် တယ်။ သူ့ပြဿနာက သူပြန်လာရင် ငါ့သားလေး ငါ့ကို အစစ အရာရာလိုက်ပြုစုနေရမယ်” လို့ ပြောပြခဲ့ပါ တယ်။
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map