<div style='background-color: none transparent;'></div>

Home » » ယနေ့ နံနက် ၇ နာရီခွဲခန့်ကမြန်မာ့လေကြောင်းပိုင် လေယာဉ်တစ်စီး စက်ချို့ယွင်းသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ဆင်းသက်ခဲ့

ယနေ့ နံနက် ၇ နာရီခွဲခန့်ကမြန်မာ့လေကြောင်းပိုင် လေယာဉ်တစ်စီး စက်ချို့ယွင်းသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ဆင်းသက်ခဲ့


ယနေ့ နံနက် ၇ နာရီခွဲခန့်က ရန်ကုန်မှ နေပြည်တော်သို့ ထွက်ခွာလာသော မြန်မာ့လေကြောင်းပိုင် Focker F-28 လေယာဉ်တစ်စီးသည် နေပြည်တော်လေဆိပ်သို့ဆင်းသက်ခါနီး အဆင်းဂီယာ ချို့ယွင်း မှုကြောင့် နေပြည်တော် လေဆိပ်တွင် မဆင်းတော့ဘဲ ရန်ကုန်လေဆိပ်သို့ပြန်လည်ဆင်းသက်ခဲ့ကြောင်း သိရှိရပါသည်။

လေယဉ်ပေါ်တွင် ခရီးသည် ၆၀ ဦးနှင့် လေယာဉ်ဝန်ထမ်း ၅ ဦးပါလာပြီး မည်သူမှထိခိုက်မှုမရှိကြောင်း    သိရှိရသည်။ မြန်မာ့လေကြောင်းပိုင် Focker F-28 လေယာဉ်များသည် သက် တမ်း ကြာမြင့်ပြီးဖြစ် သဖြင့် မြန်မာ့လေကြောင်းအနေဖြင့် ၄င်းလေယာဉ်များအားအမေရိကန်နိုင်ငံ GE Company ထုတ်လေ ယာဉ် များနှင့် အစားထိုးပြေးဆွဲရန်ပြင်ဆင်ထားကြောင်းသိရှိရသည်။
ရွှေနိုင်ငံ
Share this article :

1 comments:

Unknown said...

F 28 ကလွန်ခဲ့ တဲ့ နှစ် ၃၀ကျော် က မော်ဒယ်လေ။

စစ်တွေ ရန်ကုန် ခရီး စဉ် ကို ၂၀၀ ကျပ် လောက် နဲ့ ဆွဲ

ခဲ့တာ။

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map