ဒါရိုက်တာ ဟိန်းစိုးရိုက်ကူးတဲ့ 'ပြိုင်ဘက်'
ဇာတ်ကားမှာ လူမင်းနဲ့အတူ သရုပ်ဆောင်နေတဲ့ အိန္ဒြာကျော်ဇင်က
သီတင်းကျွတ်လပြည့်နေ့မှာ နှစ်ဖက် လူကြီး မိဘတွေကို မိသားစုနဲ့အတူ
လိုက်ကန်တော့ ဖြစ်ခဲ့ကြောင
်း သိရပါတယ်။
နိုဝင်ဘာ ၃ဝရက်နေ့မှာ ကျရောက်မယ့် ပြေတီဦးရဲ့မွေးနေ့အတွက် လက်ဆောင်ပေးဖို့ ဘာစီစဉ်ထားပြီလဲလို့ အိန္ဒြာကျော်ဇင်ကို မေးတော့ ''ဘာပေးရင်ကောင်းမလဲတော့ စဉ်းစားနေတယ်။ ပစ္စည်းတစ်ခုက ကိုယ်လိုချင်တဲ့ အရာကိုပေးရင် ပိုကြိုက်တတ်ကြတယ်လေ။ ကိုယ်လိုချင်တဲ့ အရာကိုပေးရင် အဆင်လည်းပြေတယ်။ ပိုလည်းကြိုက်တတ်ကြတော့ အစ်မက အဲဒီလိုမျိုးလေး ဖြစ်စေချင်တယ်။ ကိုယ့်ဟာကိုပေးတယ် ဆိုတာ ထက် သူဘာလိုချင်မလဲ၊ ဘာလိုအပ်မလဲဆိုတာကို မေးပြီး ပေးချင်တာ။ သူကတော့ တင်းနစ်နဲ့ ပတ်သက်တာကို လိုချင်တယ်ပဲပြောမှာပဲ"လို့ ပြောပြီး မနှစ်က မွေးနေ့မှာတော့ တင်းနစ်ဖိနပ်လေးကို လက်ဆောင် ပေးခဲ့တာ ဖြစ် ပါတယ်။
ပြေတီဦးရဲ့မွေးနေ့မှာ နှစ်ရက်ခွဲပြီး ကျင်းပမယ့် ပြေတီဦးဖောင်ဒေးရှင်း ရန်ပုံငွေပွဲမှာ ပါဝင်မယ့် အိန္ဒြာကျော်ဇင်က "လူကြီးတွေနဲ့ meeting ပြန် ထိုင်ပြီး ဘယ်လိုပုံစံလေး လုပ်မယ်ဆိုတာ တိုင်ပင်ဆွေးနွေးကြရဦး မှာလေ။ နှစ်တိုင်း လုပ်နေတယ်ဆိုတော့ အရင်နှစ်နဲ့မတူအောင် ထူးခြားအောင် ဘာလုပ်ကြမလဲလို့ အကုန်လုံးက ခေါင်းထဲမှာ ရှိကြတယ်။ မတူအောင်တော့ လုပ်ကြမှာပါ''လို့ ပြောပြပါတယ်။
ဝဿန်

popular journal

0 comments:
Post a Comment